Surrogates (2009) IMDb Rating - 6.3/10 အနာဂါတ် ကာလတစ်ခုမှာပါ။ စက်ရုပ်နည်းပညာတွေက အရမ်းကို အဆင့်မြင့်လာကြပါပြီ။ လူခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို အစားထိုးနိုင်တာက စပြီးတော့ လူတစ်ကိုယ်လုံးကိုပါ အစားထိုးပြီး နေနိုင်အောင်နည်းပညာတွေက အဆင့်မြင့်နေပါပြီ။ ဒီနည်းပညာကတော့ Surrogate လို့ ခေါ်တဲ့ လူနေရာမှာ စက်ရုပ်တွေ အစားထိုးတဲ့နည်းပညာပါ။ လူတွေက ထိန်း ချုပ်တဲ့ ခလုပ်ခုံမှာသက်တောင့်သက်သာနဲ့ ထိုင်နေပြီး လုပ်စရာရှိတဲ့ အလုပ်တွေကို စက်ရုပ်တွေနဲ့ အစားထိုးပြီး အလုပ်လုပ်ကြပါတယ်။ စက်ရုပ်တွေက ထိတွေ့မှု၊ အနံ့၊ အရသာတွေကိုပါ အာရုံ ခံစားနိုင်တဲ့အတွက် လူတွေက အိမ်ထဲကနေ အိမ်ပြင်မထွက်ဘဲ ကိုယ်တိုင် အပြင်မှာ ရောက်နေသလို ပြုမူလုပ်ဆောင်နိုင်ကြပါတယ်။ စက်ရုပ်တစ်ရုပ်ရဲ့ အကြမ်းပတမ်းခံနိုင်မှု၊ လုပ်နိုင်စွမ်းအားတွေကို လူသားဦးနှောက်နဲ့ အသုံးချနိုင်တဲ့အတွက် အရာရာကအဆင်ပြေနေပါတယ်။ ကံမကောင်းအကြောင်း မလှလို့ မတော်တဆမှုတစ်ခုခုနဲ့ ကြုံမယ်ဆိုရင်လည်း ထိခိုက်မိတာက စက်ရုပ်ဖြစ်တဲ့အတွက် ထိန်းချုပ် သူ စက်ရုပ်ပိုင်ရှင်ကတော့ အိမ်ထဲမှာ ဘေးရန်မသီမခရှိနေမှာပါ။ ဒါပေမဲ့ ဒီစက်ရုပ်တွေကို ဆန့်ကျင်နေ ကြတဲ့ လူတွေလည်းရှိလာပါတယ်။ စက်တွေက လူသားတွေရဲ့ ဖြစ်တည်မှုကို တန်ဖိုးလျော့သွားစေတယ် လို့မြင်တဲ့ လူတစ်စုက စက်ရုပ်သုံးစွဲတာကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ကြပေမဲ့ သဘောတူညီ မှုထားပြီး သီးခြားစီနေကြပါတယ်။ ဒါက ပေါက်က
ဇာတ်ကားကြည့်ရန်