Bollywood ရဲ့ King Khan လို့ လူသိများတဲ့ ရှာရွတ်ခန်း(SRK) ရဲ့ အကောင်းဆုံး ဇာတ်ရုပ်ကို ပြောပါဆိုရင် ဗီလိန်ဇာတ်ရုပ်ပဲ ပြောရလိမ့်မယ်။ အိန္ဒိယမှာ SRK နှင့် အမီတာဘချမ်း တို့ဟာ ပရိတ်သတ်အပေါ် လွှမ်းမိုးနိုင်လွန်းလို့ သူတို့ တော်ရုံ ဗီလိန် ဇာတ်ရုပ် သိပ်မရိုက်ကြဘူး ပရိတ်သတ် အတုယူ မှားမှာ ကြောက်လို့။ ဒီဇာတ်ကားမှာဆိုလည်း SRK က ရည်စား အိမ်ထောင် ရှိပြီးသား မိန်းကလေး တစ်ယောက်ကို စိတ္တဇ ဆန်ဆန် တဖက်သတ် ချစ်ရတဲ့ ဗီလိန် နေရာက သရုပ်ဆောင်ရပေမယ့် သူ့ သရုပ်ဆောင်ချက်တွေက ပရိတ်သတ် အမြင်မှာ ဗီလိန် မဟုတ်ပဲ ဟီးရိုးဖြစ်စေခဲ့ပါတယ်။ "မင်းခံစားနေရတာတွေကို တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရင် မင်းရင်ထဲက ဝန်ထုပ်ဝန်ပိုးတွေ လျော့သွားမှာပေါ့" "ဝန်ထုပ်ဝန်ပိုး" "သူ့ အမှတ်တရတွေက ဝန်ထုပ်ဝန်ပိုး မဟုတ်ဘူးဗျ သူ ယုံကြည် စိတ်ချပြီး အပ်နှံထားတဲ့ အပ်နှံမှုတွေ အရမ်းကို ချစ်ဖို့ ကောင်းပြီး အမြတ်တနိုးထားအပ်တဲ့ အပ်နှံမှုတွေဗျ ဒါကို ဝေမျှဖို့ မပြောနဲ့ သူ့ကိုတောင် တခြားတစ်ယောက် ချစ်တာကို ခွင့်မပြုနိုင်ဘူး" ဇာတ်လမ်းကတော့ ရေတပ် အရာရှိ စူနီးလ် မဟိုသရာ ဟာ မြို့တော်ဝန် သမီးလေးကို ပြန်ပေးဆွဲထားတဲ့ လူဆိုးတွေ လက်ကနေ ကယ်တင် နိုင်ခဲ့လို့ သူနဲ့ သူ့အဖွဲ့သားတွေကို အစိုးရက ခွင့်တစ်လ ပေးလိုက်ပါတယ်။ စူနီးလ် တစ်ယောက် ခွင့်ရတော့ သိပ်ချစ်တဲ့ ချစ်သူစီပဲ
ဇာတ်ကားကြည့်ရန်