Monkeybone (2001) ကျွန်တော့်အတွက် ငယ်ဘဝ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ရုပ်ရှင်တွေက အတော်လွှမ်းမိုးမှု ရှိခဲ့တယ်ပြောရမယ်။ The Mummy ထွက်လာတော့ အရမ်းကြိုက်ခဲ့တာ ရတနာသိုက်ရှာသလို စွန့်စားခန်းလည်းပါ ကြောက်စရာတွေလည်းပါ ထူးဆန်းတာတွေရောဆိုတော့ ဘာပြောကောင်းမလဲပေါ့ဗျာ။ ဒီတော့ Brendan Fraser ကြီးကို မံမီမင်းသားဆိုပြီး မှတ်မိသွားတော့တာပဲ။ သူ့ရဲ့ တာဇံဟာသကား George of the Jungle တို့ နတ်ဆိုးဆီက ဆုတွေတောင်းတဲ့ Bedazzled တို့ဆို အရမ်းကိုရယ်ခဲ့ရတာ။ ဒီတော့ အဲဒီငယ်ဘဝတုန်းက ဒီ Monkeybone ဆိုတဲ့ကားလေးကိုလည်း သူ့အစွဲကြောင့် ကြည့်ခဲ့မိရော။ ရှေ့ကကားတွေကို မမှီဘူးဆိုပေမဲ့လည်း 2000 ကာလ Brendan ကြီးရဲ့ သရုပ်ဆောင်မှု ဇာတ်လမ်းဇာတ်အိမ် ထူးဆန်းပြီး ရယ်ရတာတွေကြောင့် တော်တော်လေး Fun ဖြစ်ပြီး Nostalgia ဖြစ်စေမှာ သေချာတယ်။ ကဲ ဇာတ်လမ်းအကျဉ်းလေးကတော့ Monkeybone ဆိုတဲ့ ပရမ်းပတာ ဟာသကာတွန်းလေး ဖန်တီးပြီး အောင်မြင်နေတဲ့ စတူးဆိုတာက လူတွေရှုပ်ရှုပ်ရှက်ရှက်နဲ့ အောင်မြင်လာတာတောင်မှ သူ့ဘာသာသူ ချစ်သူဖြစ်သူ ဒေါက်တာဂျူလီနဲ့ အေးအေးဆေးဆေးနေချင်တဲ့ ကာတွန်းအနုပညာရှင်။ တစ်ညကျ ကားမတော်မဆမှုဖြစ်ပြီး စတူးတစ်ကောင် ကိုမာဝင်ပြီး တမလွန်လို အိပ်မက်ဆိုးကမ္ဘာရောက်သွားရော။ အဲဒီမှာ သူဖန်တီးထားတဲ့ မန်းကီးဘုန်းဆိုတဲ့ အရိုင်းအစိုင်းမျောက်နဲ့လည်း သွားတွေ့နေသေးတယ်။ အဲဒီမှာ ပြဿနာက လူ့ကမ္ဘာဖက်က စတူးအစ်မက မောင်နှ
ဇာတ်ကားကြည့်ရန်