Shrek 2 (2004) IMDb Rating (7.4) / Rotten Tomatoes (89%) ဇာတ်လမ်းအကျဉ်း Dulocဆိုတဲ့ မြို့တော်ကြီးမှာ အကြင်နာတရားခေါင်းပါးပြီး တရားမမျှတမှုမရှိတဲ့ တရားသူကြီး Farquaadက Fairy Tale(နတ်သမီး ပုံပြင်)တွေကို မနှစ်သက်တဲ့အပြင် သူ့တို့တိုင်းပြည်မှာရှိနေတဲ့ Fairy Taleတွေထဲက သက်ရှိဇာတ်ကောင်တွေ အားလုံးကို တိုင်းပြည်အစွန်ဖျားက ရွှံဗွက်တောကြီးဆီကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။ အဲ့ဒီမှာလည်း.... Shrek(အစိမ်းရောင် ဘီလူးကြီး)က လူသူကင်းရှင်းစွာနဲ့ ၁ယောက်တည်း ပျော်ရွှင်စွာ နေထိုင်နေပါတယ်။ သူ့နေရာဆီကို နယ်နှင်ဒဏ်ပေးခံရတဲ့သူတွေ အများကြီးလဲ ရောက်လာရော... သူ့ရဲ့ပျော်ရွှင်မှုတွေ ပျက်သွားတဲ့အတွက် တရားသူကြီး Farquaadဆီကို နယ်နှင်ဒဏ် ပြန်ရုတ်သိမ်းပေးဖို့ သူနဲ့အတူ Donkey (ပါးစပ်ပိတ်တာကလွဲလို့ ကျန်တာအကုန်လုပ်မယ့် စကားအရမ်းများတဲ့ မြည်း)က Dulocမြို့ကို လမ်းပြပီး သွားမှာပါ။ တရားသူကြီး Farquaadကလည်း Cookie(စကားပြောတတ်တဲ့ လူပုံစံမုန့်)လေးကို နှိပ်စက်ပီး ကျန်ရှိနေသေးတဲ့ Fairy Taleတွေထဲက ဇာတ်ကောင်တွေရဲ့ နေရာကို မေးနေပါတယ်။ အဲ့ဒီအချိန်မှာ သူတပည့်တွေက သူရှာခိုင်းထားတဲ့ Magic Mirror (Snow Whiteထဲက Evil Queenရဲ့ မှော်မှန်)ကို သယ်လာပါတယ်။ အဲ့မှော်မှန်ကြီးကို "သူ့ရဲ့တိုင်းပြည်က တရားအမျှတဆုံးနဲ့ အေးချမ်းသာယာတဲ့ တိုင်းပြည်ဖြစ်ပီလား"လို့ မေးပါတယ်။ မှော်မှန်ကြီးက "Farquaadက ဘုရင်မှ မဖြစ်သေးပဲနဲ့ (သူက မင်းမျိုးမင်းနွယ်
ဇာတ်ကားကြည့်ရန်