BEEF (2023) Season 02 (Complete) IMDb Rating (8.0) / Rotten Tomatoes (98%) Season 1 တုန်းက အရမ်းအောင်မြင်ခဲ့တဲ့ နက်ဖလစ်စီးရီး Beef Season 2 ထွက်လာပါပြီ။ ဒီတစ်ခါတော့ အရင် Season 1 က စတီဗင်ယွန်းတို့ မဟုတ်တော့ဘဲ ဇာတ်လမ်းသစ်၊ သရုပ်ဆောင်သစ်တွေနဲ့ လုံးဝ အသစ်အနေနဲ့ လာတာပါ။ ဇာတ်လမ်းအကျဉ်း ကယ်လီဖိုးနီးယားက အဆင့်မြင့် Country Club ကြီးတစ်ခုမှာ အခြေတည်ထားတာပါ။ ဂျော့ရှ် (Oscar Isaac) က အဲဒီကလပ်ရဲ့ မန်နေဂျာပေါ့။ သူ့မိန်းမ လင်ဆေး (Carey Mulligan) ကတော့ အိမ်တွင်းအလှဆင်တဲ့ ဒီဇိုင်းနာ။ သူတို့နှစ်ယောက်က အပြင်ပန်းကြည့်ရင် အဆင်ပြေနေပုံပေါက်ပေမယ့် တကယ်တမ်းကျတော့ ငွေရေးကြေးရေး အကျပ်အတည်းတွေကြားမှာ အိမ်ထောင်ရေးက ပြိုကွဲလုနီးပါး ဖြစ်နေတာပါ။ ဒီကလပ်မှာပဲ အလုပ်လုပ်တဲ့ နောက်ထပ် စုံတွဲတစ်တွဲရှိသေးတယ်။ ကလပ်မှာ အချိုရည်ရောင်းတဲ့ အက်ရှ်လေ (Cailee Spaeny) နဲ့ အချိန်ပိုင်း လေ့ကျင့်ခန်းပြပေးတဲ့ အော်စတင် (Charles Melton) တို့ပေါ့။ သူတို့က လူငယ်စုံတွဲ၊ အရမ်းချစ်ကြပေမယ့် ပိုက်ဆံသိပ်မရှိကြဘူး။ အက်ရှ်လေရဲ့ ကျန်းမာရေးအတွက် ဆေးဖိုးဝါးခတွေ အများကြီး လိုနေတဲ့အချိန်မျိုးပေါ့။ တစ်ရက်ကျတော့ ဂျော့ရှ်နဲ့ လင်ဆေးတို့ လမ်းမှာ အကြမ်းပတမ်း ရန်ဖြစ်ကြတာကို အက်ရှ်လေနဲ့ အော်စတင်တို့က မတော်တဆ တွေ့သွားပြီး ဗီဒီယိုရိုက်ထားလိုက်မိတယ်။ အဲဒီမှာတင် ပြဿနာက စတော့တာပဲ။ ပိုက်ဆံလိုနေတဲ့ လူငယ်စုံတွဲက အဲဒီဗီဒီယိုကိုသုံးပြီး ဂျော့ရှ်တို့ကို အလ
ဇာတ်ကားကြည့်ရန်