ဒီ တစ်ခါတော့ ပရိသတ်ကြီးကို ဟိုးအရင်ခေတ်က အင်္ဂလန်လိုနိုင်ငံမှာတောင် အမျိုးသားနဲ့ အမျိုးသမီးကို တန်းတူအခွင့်အရေးမပေးတဲ့ အကြောင်းလေးရိုက်ပြထားတဲ့ ဇာတ်လမ်းတွဲလေး တစ်ကားတင်ဆက်ပေးလိုက်ပါတယ် စုံထောက်ဇာတ်လမ်းရယ် သူများနဲ့မတူဘဲ ဖောက်ထွက်တတ်တဲ့ အမျိုးသမီးတစ်ယောက်အကြောင်းရယ်ကို ရိုက်ပြထားလို့ ကြည့်လို့ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲ ဇာတ်လမ်းအကျဉ်း စကားလက်ဆိုတာကတော့ ပင်စင်စားရဲအရာရှိကြီးတစ်ယောက်ရဲ့ သမီးလေးပါပဲ သူ့အဖေကတော့ ပင်စင်ယူပြီးတဲ့ အချိန်မှာ အလွတ်စုံထောက်တစ်ယောက်လုပ်နေခဲ့တာပေါ့လေ ဒါပေမဲ့လည်း သူ့မိန်းမကသေသွားတာရယ် သမီးလေးကိုတစ်ယောက်တည်းထိန်းကျောင်းနေရတာရယ်ကြောင့် အရက်တွေအလွန်အကျွံသောက်ပြီး အကြွေးပါတင်နေတာပေါ့ အဲဒီခေတ်က အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးမပေးခဲ့တော့ သူ့သမီး စကားလက် ရဲ့ စုံထောက်အရမ်းဖြစ်ချင်နေတဲ့ ဆန္ဒကိုခွင့်မပြုခဲ့ဘူးပေါ့လေ ဒါပေမဲ့လည်း စကားလက် က သူ့နည်းသူ့ဟန်နဲ့ သူ စုံထောက်ဖြစ်နိုင်တယ်ဆိုတာ သူ့အဖေကို သက်သေပြဖို့ကြိုးစားနေတာပါ အဲဒီလိုနဲ့ မထင်မှတ်ဘဲ သူ့အဖေက ဆုံးသွားတဲ့အချိန်မှာတော့ အကြွေးတွေနဲ့ ကျန်ခဲ့တဲ့ စကားလက် က ဘယ်လိုဖြေရှင်းမလဲ အမျိုးသမီးတွေကို အထင်အမြင်သေးနေတဲ့ ခေတ်ကြီးမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်လိုရုန်းကန်မလဲ သူ့အဖေဆီကနေရော စုံထောက်ပညာတွေကို ဘယ်လောက်ထိရလိုက်လဲဆိုတာ ကြည့်လို့ကောင်းတဲ့ကားကောင်းလေးပါပဲ Season-5 မှာတော့ စကားလတ်တစ်ယောက်ကိုယ်ပိုင်အေဂျင
ဇာတ်ကားကြည့်ရန်