ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Romance/Comedy အမျိုးအစား စပိန်စကားပြောရုပ်ရှင် ကားလေးပဲဖြစ်ပါတယ်… ဒီကားလေးဟာဆိုရင် ကွာရှင်းလုနီးလင်မယားနှစ်ယောက်ဆီ ဖူးစာရေးနတ်ကျူးပစ်ရောက်လာပြီး ၎င်းတို့ရဲ့ မပြေလည်တဲ့ ပစ္စုပ္ပန်အချစ်ခရီးကို ပြင်ဆင်ဖို့အတွက် အတိတ်ဆီအချိန်ခရီး သွားကာ ကူညီပို့ဆောင်ပေးမယ့် အကြောင်းလေးကို ရိုက်ကူး တင်ဆက်ထားတာပဲဖြစ်ပါတယ်… Carlos နဲ့ Elena ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြပြီး အိမ်ထောင်ရေးတစ်ခုတည်ထောင်ခဲ့ ကြသူတွေဖြစ်ပါတယ်.. အချစ်တွေအပြည့်နဲ့ စတင်ခဲ့တဲ့သူတို့ရဲ့ အချစ်ခရီးလမ်းဟာ အိမ်ထောင်ပြုအပြီး ဆယ်စုနှစ်နှစ်ခုအကြာမှာတော့ တစ်ယောက်ကို တစ်ယောက် အရင်ကသဘောကျခဲ့တဲ့ အရာတွေဟာ အခု အချိန်မှာ လုံးဝသည်းမခံနိုင်စရာတွေဖြစ်ကာလာပါတော့တယ် Elena ဟာ ဂီတသမားတစ်ယောက်ဖြစ်ပြီး Carlos နဲ့စတင်တွေ့ဆုံ ခဲ့တဲ့နေရာဟာလည်း Carlos နှစ်ခြိုက်ခဲ့တဲ့ဂီတပွဲတစ်ခုသာဖြစ်ပါတယ် သို့သော်လည်း အိမ်ထောင်ပြုပြီးချိန်မှာတော့ အရင်ကသဘောကျခဲ့တဲ့ Elena ရဲ့ဂီတတွေဟာ Carlos အတွက်လက်မခံနိုင်စရာဖြစ်လာတဲ့ အပြင် နေအိမ်အတွင်း သီချင်းမဖွင့်ရ စည်းမျဉ်းတွေပါထုတ်လာကာ ဖူးစာရေးနတ်ရဲ့အမှားအယွင်းသာဖြစ်ကြောင်း အပြစ်ပုံချပြီး ကွာရှင်းဖို့အထိဖြစ်လာခဲ့ပါတယ်.. ၎င်းတို့နှစ်ယောက်ကွာရှင်းစာချုပ်ပေါ် လက်မှတ်ထိုးတော့မယ့်အချိန် မတိုင်မီမှာလေးမှာပဲ ကျူးပစ်လို့ အမည်ခံတဲ့ ထူးထူးဆန်းဆန်း လူတစ်ယောက် အိမ်ထဲကို ရ
ဇာတ်ကားကြည့်ရန်