Shaadi Ke Side Effects 2014 အိမ်ထောင်ရေး၏ ဘေးထွက်ဆိုးကျိုးများ IMDb 5.6/10 ရှာရွတ်ရဲ့ နာမည်ကျော် Donရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာလည်းဖြစ်သလို သရုပ်ဆောင်နဲ့ အဆိုတော်လည်းဖြစ်တဲ့ နာမည်ကျော်ဟင်ဒီအနုပညာရှင် ဖာဟန်အက်ခ်တာ နုစဉ်အခါက သရုပ်ဆောင်ခဲ့တဲ့ အဟောင်းထဲက ကားကောင်းလေးတစ်ကားပေါ့။ မင်းသမီးအနေနဲ့ကလည်း ပါကစ္စတန်အိန္ဒိယနယ်စပ်က ဆောင်ကြာမြိုင်မှာ အရမ်းကြမ်းခဲ့တဲ့ Begum Jaan (2017)က မင်းသမီး ဗစ်ဒ်ယာဘာလန်ဆိုတော့ ညွှန်းနေဖို့တောင်မလိုသလောက်ပါ။ ဒီဇာတ်ကားလေးထဲက ဆစ်ဒ်နဲ့ ထရီရှာက သိပ်ချစ်ကြတဲ့ လင်မယားတွေပေါ့။ သူတို့ရဲ့အိမ်ထောင်ရေးကလည်း သိပ်ကိုသာယာခဲ့ပါတယ်။ ဆစ်ဒ်ရဲ့ လက်ကိုင်ဆောင်ပုဒ်ကတော့ "ကိုယ်မှားရင် ကိုယ်တောင်းပန်တယ်၊ မိန်းမ မှားရင်လည်း ကိုယ်ပဲတောင်းပန်တယ်" တဲ့။ ဒီလိုနဲ့ လေပြည်ပြီး မုန်တိုင်းရောက်ရှိလာပါတော့တယ်။ အဲဒါကတော့ ထရီရှာမှာ ကိုယ်ဝန်ရှိလာတာပါပဲ။ ၃-၄ လနေရင် ရာထူးတိုးတော့မယ့် ထရီရှာနဲ့ ခုမှပထမဆုံးအယ်လ်ဘမ်ကို အသံသွင်းဖို့ကြိုးစားနေဆဲ တေးရေးဆရာပေါက်စ ဆစ်ဒ်တို့အတွက်တော့ ကလေးယူဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ ဒီလိုနဲ့ ကလေးကိုမယူဖို့ဆုံးဖြတ်ကြပြီး ဖျက်ချဖို့ ဆေးရုံကိုရောက်ရှိလာပါတော့တယ်။ ဆရာဝန်တွေက ထရီရှာကို အော်ပရေးရှင်းလုပ်နေစဉ်အတွင်းမှာ ဆစ်ဒ်ကအပြင်မှာ ထိုင်စောင့်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆစ်ဒ်ကလွဲလို့ ဘယ်သူမှ မသိလိုက်တဲ့ကိစ္စတစ်ခု ဖြစ်သွားခဲ့ပါတော့တယ
ဇာတ်ကားကြည့်ရန်