Indo-Canadian လူမျိုး Porn Star မင်းသမီးတစ်ယောက်ဖြစ်တဲ့ Sunny Leone အဓိကပါဝင်ထားတဲ့ Bollywood ဇာတ်ကားဖြစ်ပါတယ်။ IMDb Rating (3.9/10) ပဲရရှိထားလို့ Rating နည်းပေမယ့် Sunny Leone ပရိတ်သတ်တွေကြည့်ချင်မှာပဲလို့ယူဆပြီး မြန်မာစာတန်းထိုးနဲ့တင်ဆက်လိုက်တာပါ။ ဇာတ်လမ်းအညွှန်းကတော့............ လန်ဒန်မှာကြီးပြင်းလာခဲ့တဲ့ လီလာဆိုတဲ့ ဓာတ်ပုံမော်ဒယ်က သူ့ရဲ့ဓာတ်ပုံအေဂျင်စီတစ်ခုနဲ့ အိန္ဒိယက ရှေးဟောင်းမြို့တစ်မြို့မှာ ဓာတ်ပုံရိုက်ဖို့ ထွက်လာကြပါ တယ်။ လီလာမှာ ထူးခြားချက်တစ်ခု ရှိပါတယ်။ အမြဲလိုလို ရှေးဟောင်းဂန္ထဝင်အိပ်မက်မျိုးတွေ မက်လေ့ရှိပြီး အဲဒီအိပ်မက်ထဲမှာ သူ့ကိုယ်သူ မင်းသမီးအဖြစ်မြင် မက်လေ့ရှိပါတယ်။ ဓာတ်ပုံရိုက်ဖို့အတွက် ဒီမြို့ကိုရောက်တဲ့အချိန်မှာ နှစ်ပေါင်းအဆက်ဆက်က နေထိုင်လာခဲ့တဲ့ မင်းမျိုးအနွယ်ဝင်တွေနဲ့ ဆုံပါတယ်။ အဲဒီမင်းမျိုး အနွယ်တွေထဲက မင်းသားတစ်ပါး က လီလာကို ကြိုက်ပြီးလက်ထပ်လိုက်ပါတယ်။ လီလာလိုပဲ အိပ်မက်မက်နေတဲ့ နောက်ထပ်လူငယ်တစ်ယောက်ရှိပါသေးတယ်။ အဲဒီလူငယ်က ကရန်ဆိုသူဖြစ်ပြီးသူလည်းပဲ အိပ်မက်ထဲက မြို့တော်နဲ့ မင်းသမီးကို တွေ့ချင်တာကြောင့် လီလာရောက်နေတဲ့မြို့ကိုလိုက်လာပါတယ်။ သူမက်နေတဲ့အိပ်မက်တွကို သိဖို့ပဲ ဒီမြို့ ဟောင်းမှာနေရင်းနဲ့ အရင်ဘဝကို ပြန်သိရဖို့ ကြိုးပမ်းပါတယ်။ သူတို့နှစ်ဦးရဲ့အရင်ဘဝမှာတော့ လီလာနဲ့ ကရန်တို့က ဒီမြို့မှာ ချစ်သူတွေဖြစ်ခဲ့ကြတယ်။ ကရန်က ရုပ်တုဆရာကြီးတစ်ပါးရဲ့ တပည့်လက်ရင်းဖြစ်
ဇာတ်ကားကြည့်ရန်