IMDb - 6.0/10 ၂၀၁၈ မတ်လကမှထွက်ရှိထားတဲ့ Cheese in the trap ဆိုတဲ့ movie လေးကတော့ k-drama ပရိသတ်နဲ့စိမ်းလှမယ်မထင်ပါဘူး။ ၂၀၁၆ တုန်းက rating အမြင့်ဆုံးရခဲ့တဲ့ series version ကိုပြန်လည်ရိုက်ကူးထားတာပါ။ main actor ကလွဲပြီး ကျန်တဲ့ ဇာတ်ဆောင်တွေအားလုံးကတော့ စီးရီးထဲကသရုပ်ဆောင်တွေမဟုတ်ပါဘူး။ main actor နဲ့ actress ကတော့ park hae jin (man to man ) နဲ့ oh yeon seo (ဆမ်ဂျန်း)တို့ပဲဖြစ်ပါတယ်။ ဟုန်းဆိုးဆိုတဲ့ သာမန်တက္ကသိုလ်ကျောင်းသူလေးက အချိန်ပိုင်းအလုပ်တွေ ကျူရှင်သင်တဲ့အလုပ်တွေနဲ့ ကျောင်းစရိတ်ရှာပြီး တတ်နေရသူပါ။ နှစ်စပိုင်းတုန်းက သူ့ကိုအေးစက်စက်နဲ့ လျစ်လျူရှုခဲ့တဲ့ စီနီယာ ယိုဂျောင်း သူ့အပေါ်ပြောင်းလဲလာခဲ့ပြီး နွေးထွေးဂရုစိုက်လာတဲ့အခါမှာ ဟုန်ဆိုးတစ်ယောက် စိတ်ကသိကအောင့်ဖြစ်လာခဲ့ပါတယ်။ အားလုံးနဲ့အဆင်ပြေပြီး အမြဲပြုံးနေတတ်တဲ့ သူဌေးသူးလေးယိုဂျောင်း ရဲ့အမူအကျင့်တွေကိုကြည့်ပြီး ယိုဂျောင်းရဲ့နောက်မှာကွယ်ဝှက်ထားတဲ့ တစ်စုံတစ်ရာ ရှိမယ်လို့ ဟုန်းဆိုးထင်ထားခဲ့တာပါ။ လွန်ခဲ့တဲ့တစ်နှစ်ကအဖြစ်အပျက်အပြီး ဟုန်းဆိုးအပေါ်ပြောင်းလဲလာတဲ့ ယိုဂျောင်းက ဟုန်းဆိုးကိုချစ်ခွင့်ပန်လာခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းတွင်း ဖြစ်ပျက်နေကြ အဖြစ်အပျက်လေးတွေနဲ့ သူတို့နှစ်ယောက်ရဲ့ချစ်ဇာတ်လမ်းနောက်ကွယ်က ယိုဂျောင်းရဲ့လျှို ု့ ဝှက်ထားတဲ့အကြောင်းလေးတွေကို လှည့်ကွက်လေးတွေနဲ့ကြည့်ရမယ့် romance psycological ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ နှုတ်ခမ်းနီမလေး
ဇာတ်ကားကြည့်ရန်