★ 6.7
ဇာတ်ကား / 2023Maamannan
An MLA and his son, who are from oppressed community, are forced to stand up against the privileged, arrogant scion of a late politician, who is determined to make them bow down to him.
ဇာတ်ကားကြည့်ရန်
An MLA and his son, who are from oppressed community, are forced to stand up against the privileged, arrogant scion of a late politician, who is determined to make them bow down to him.
ဇာတ်ကားကြည့်ရန်
In Dream (2023) လူတွေရဲ့သဘာဝကတော့ အိပ်မက်ဆိုတာ မက်ပြီးရင် မနက်ကျ မေ့သွားတတ်ကြတာများပါတယ် မနက်ထိ သတိရရင်တောင် တစ်နေကုန် မှတ်မိနေဖို့က ခဲယဉ်းပါတယ် ဒါပေမဲ့ ကိုယ့်အိပ်မက်ထဲတောင်မဟုတ်ဘဲ သူများအိပ်မက်ထဲထိပါ ဝင်ပြီး ထိန်းချုပ်လို့ရမယ်.. ကိုယ်လုပ်ချင်တာတွေလုပ်လို့ရမယ်ဆိုရင်တော့ တကယ်ကို ဆန်းကြယ်သွားပါပြီ ဒီဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်ဖြင့် ဟုန်းဟွာဆိုတဲ့မိန်းကလေးက သူများအိပ်မက်ထဲမှာ ဝင်ပြီးဆက်သွယ်နိုင်နေတာပါ.. ဒါပေမဲ့ အရာရာက သူငယ်ချင်း ပျောက်ဆုံးတဲ့နေရာမှာ စတင်လာခဲ့တယ် ဟုန်းဟွာရဲ့ သူငယ်ချင်းကို ပြန်ပေးဆွဲသွားတဲ့ လူသတ်သမားဟာ ရက်စက်လွန်းတဲ့အတွက် ရဲတွေကလည်း အသေရရအရှင်ရရ ဖမ်းချင်နေတာပါ.. အဲလိုနဲ့ ဟုန်းဟွာလည်း အဲအမှုမှာပတ်သက်ခဲ့ရပြီးတော့ လူသတ်သမားနဲ့ စိတ်နဲ့ စီးချင်းထိုးရမယ့်အဖြစ်တွေနဲ့ ကြုံရပါတော့တယ် နောက်ဆုံးမှာ အဲလိုတွေသဘာဝလွန်ဖြစ်ရပ်တွေကြုံနေရတဲ့ ဟုန်းဟွာတစ်ယောက် လူသတ်သမားကို ဖမ်းတဲ့နေရာမှာကူညီနိုင်မလား... နောက်ဆက်တွဲကြုံလာရမယ့်အဖြစ်တွေကိုရော ခံနိုင်ရည်ရှိပါ့မလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်
Action, Thriller, Mystery ဇာတ်ကားကောင်းကြိုက်သူများအတွက် Rotten Tomatoes 57%, IMDb rating 6.0/10 ရရှိထားတဲ့ ဇာတ် ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စစ်သားဟောင်းကြီး အယ်လ်တီဟာ ကျဆုံး သွားရှာပြီဖြစ်တဲ့ သူ့ရဲ့ ရဲဘော်ရဲဖက် ဘော်ဘီရဲ့ မိသားစုကို စောင့်ရှောက် ပေးနေခဲ့ပါတယ်။ တစ်နေ့မှာ ဘော်ဘီရဲ့ သမီး ကေလာ ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ အယ်လ်တီလည်း ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ပါ ဘူး။ အယ်လ်တီလည်း စိတ်ဓာတ်တွေကျ၊ တာဝန်မကျေဘူးဆိုတဲ့ ခံစား ချက်တွေနဲ့ လုံးပန်းနေခဲ့ပါတယ်။ တစ်နှစ်ခန့်အကြာမှာ လိုလာ ဆိုတဲ့ မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင်ရဲ့ သမီးဟာ သူ့ညီမဝမ်းကွဲလေး ဆိုဖီယာ ပြန်ပေးဆွဲခံရပြီး ပျောက်သွားတာမို့ ဖြစ်ပုံချင်းတူတဲ့ အယ်လ်တီ့ဆီကို အကူအညီလာတောင်းပါတယ်။ အယ်လ် တီတစ်ယောက်လည်း သူ့တာဝန်မကျေမှုကို ပြန်လည်ပေးဆပ်ဖို့အတွက် လိုလာ့ကို ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ အယ်လ်တီ၊ လိုလာနဲ့ အေဂျေတို့ သုံးယောက်ဟာ ကလေးပြန်ပေးဂိုဏ်းကို လိုက်လံစုံစမ်းတဲ့အခါ မှာတော့...... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin မှဖြစ်ပါတယ်) File Size..........(2.11 GB) / (685 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Mystery, Thriller Translator.......
ဇာတ်ကားကြည့်ရန်
The Murderer (2023) နာမည်ကျော် ထိုင်းဟာသမင်းသားကြီး Phetthai Vongkumlao ပါဝင်ထားတဲ့ ဟာသကားအသစ်ထွက်လာပါပြီ။ မင်းသမီးကတော့ Bad Genius ထဲက ဂရေ့စ်အဖြစ် သရုပ်ဆောင်ဖူးတဲ့ Eisaya Hosuwan ပါပဲ။ ဇာတ်လမ်းအကျဉ်း ထိုင်းနိုင်ငံတစ်နေရာက လယ်တောအိမ်လေးတစ်ခုထဲမှာ ၇ လောင်းပြိုင်လူသတ်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအတွက် သံသယတရားခံကတော့ အဲလ်လို့ခေါ်တဲ့ ဗြိတိန်သားတစ်ယောက်ပါပဲ။ သူဟာ သေသွားတဲ့မိသားစုရဲ့ သမီး ဆိုင် နဲ့ လက်ထပ်ထားတာဖြစ်ပြီး ယောက္ခမတွေအိမ်မှာ ညလာအိပ်တဲ့ညမှာ ပြဿနာတွေရှုပ်ကုန်တာဖြစ်ပါတယ်။ အသတ်ခံရတဲ့ သူ ၇ ယောက်ကလည်း သေပုံသေနည်းတစ်မျိုးစီဖြစ်နေပြီး ဇာတ်လမ်းကိုယ်စီရှိနေပြန်ပါတယ်။ အသက်ရှင်ကျန်ခဲ့တဲ့ အဲလ် နဲ့ ဆိုင်၊ သူတို့ရဲ့ တူမလေး ဇွန် တို့ကို စခန်းမှူးက စစ်ဆေးရင်း သူတို့တစ်ယောက်တစ်ပေါက်ပြောပြတာတွေကနေ တရားခံအစစ်ကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ကြည့်ရမှာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်
ယာဉ်မတော်တဆဖြစ်ပြီးသုံးလလောက်ကိုမာဝင်ခဲ့တဲ့ ဂရေ့စ်တစ်ယောက်ကံကောင်းစွာနဲ့ပဲ သတိပြန်လည်လာခဲ့ပါတော့တယ်။ ဒါပေမယ့် သတိပြန်ရခဲ့တဲ့ဂရေ့စ်ဟာ ယာဉ်မတော်တဆ ဖြစ်ခဲ့အချိန်ကနေ နောက်ပြန်ရေရင်(၅)နှစ်တာကာလအတွင်းကအကြောင်းအရာတွေကို သူ မမှတ်မိတော့ပါဘူး။ ဒီလိုကာလတစ်ခုစာမမှတ်မိတော့တဲ့သူ့မှာ သူ့ကိုချစ်တဲ့သမီးလေးရယ် ယောကျ်ားလေးရယ် ညီမဖြစ်သူနဲ့ မှတ်ဉာဏ်ပြန်ရအောင်ကြိုးစားပြီးပျော်ပျော်ရွှင်ရွှင်နေနေ ခဲ့တာပါ။ ဒါပေမယ့် သူတို့မိသားစုလေးဂုဏ်ပြုညစာစားပွဲလေးကျင်းပနေချိန် ဂရေ့စ်ဆီကို ဖုန်းတစ်ခုဝင်လာရာကနေစတင်လာပါတော့တယ်။ နောက်ပြီး သူစိမ်းတစ်ယောက်ကလည်း သူ့ဘဝထဲကိုအတင်းဝင်ရောက်လာရာက ဂရေ့စ်တစ်ယောက်ပြဿနာတွေတစ်စတစ်တက် လာပါတော့တယ်။ ဒီသူစိမ်းက သူမမှတ်မိတော့တဲ့ငါးနှစ်ဆိုတဲ့ကာလမှာ ဘယ်လိုနေရာက ပါနေတာလဲ။ ဒီငါးနှစ်တာကာလမှာဂရေ့စ်တစ်ယောက်ဘာတွေလုပ်ခဲ့မိတာလဲ။ အခုရော သူဘာတွေကြုံတွေ့လာရမှာလဲကတော့......... Fatal Memory ဒါမှမဟုတ် Deadly Infidelity လို့ အမည်ရတဲ့ဒီကားလေးက (၂၀၂၂)ထွက် Thriller ကားအသစ်လေးဖြစ်ပြီးတော့ Mystery နဲ့ Dramaလေ ခပ်းပါးပါးပုတ်ထားတဲ့ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှူခံစားကြည့်ပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ဖြစ်ပါတယ်။) File Size -(2.1 GB) / ( 772.47 MB) / (297.69 MB) Quality – WebRip -(1080p) / (720p) / (480p) Duration - 1hr 26min Subtitle – Myanmar Hardsub Format – MP4 Genr
ဇာတ်ကားကြည့်ရန်
Amazon Prime ကနေပြီး ပြသတဲ့ Causality ဆိုတဲ့ မူဗီလေးတင်ဆက်ပေးပါရစေ။ Causality ကိုမြန်မာမှုပြုရင် "အကြောင်းကြောင့်အကျိုးဖြစ်ခြင်း"လို့အဓိပ္ပာယ်ရပါတယ်။ ကိုယ်ကတစ်စုံတစ်ခုအပြစ်လုပ်ထားမိခဲ့ရင် တစ်ချိန်ချိန်မှာထိုအပြစ်ရဲ့အကျိုးကိုပေးဆပ်ရမှာပါ။ ဘယ်လိုပေးဆပ်ရမလဲဆိုတာကိုတော့မသိပေမယ့် ပြန်လည်ပေးဆပ်ရမှာကတော့ရှောင်လွှဲမရတဲ့ အရာပါ။ လူတစ်ယောက်ကိုစောင့်ရင်း ဆေးခတ်ခံလိုက်ရလို့ Metropolitan ဆေးရုံကိုသတိလစ်ပြီး ရောက်လာတဲ့ Claudiaတစ်ယောက်ဆေးရုံထဲမှာပျောက်ဆုံးသွားခဲ့ရာကအစပြုပြီး၊ Metropolitan ဆေးရုံက အရှုပ်တော်ပုံတွေပေါ်လာခဲ့တဲ့ ဒီဇာတ်ကားလေးမှာရော . ဘယ်သူတွေကဘာအပြစ်တွေ လုပ်ခဲ့လို့ ဘာတွေပြန်ပေးဆပ်ရမှာလဲ ဘယ်လိုပြန်ပေးဆပ်ရမှာလဲကိုတော့ ကြည့်ရှုကြရမှာပါ။ ဇာတ်ကားတစ်ခုလုံးရဲ့နှလုံးအိမ်ကို ဆေးရုံတစ်ခုတည်းမှာပဲတည်သွားခဲ့သလို ဇာတ်ကားတစ်ကားလုံး ကိုလည်း ရိုက်ချက်တစ်ချက်တည်းနဲ့ပဲရိုက်ကူးထားပါတယ်။ရိုက်ကူးနေရင်း တစ်ပြိုင်နက်တည်း Recordပါ လုပ်ခဲ့ပြီးတော့ ပြန်တည်းဖြတ်ထားတာမျိုးလည်းမရှိခဲ့တဲ့ Psychological Thriller and Drama ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်) File Size - (1.67 GB) /(718 MB) / (448 MB) Quality – WEBRIP 1080p / 720p/480p Duration - 1h 54 mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Thriller Translator – Chit Tee Encoder – SW
ဇာတ်ကားကြည့်ရန်
ဆာရာဆိုတဲ့ အမျိုးသမီးဟာ သူရေးထားတဲ့ စာအုပ်တစ်အုပ်ရဲ့အကြောင်းကို စင်ပေါ်မှာ ဂုဏ်ယူဝံ့ကြွားစွာနဲ့ အမှတ်တရစကားပြောနေလေရဲ့ .... ဒီလို ဂုဏ်ယူနေရတဲ့ အကြောင်းရင်းကလည်း ဒီစာအုပ်ဟာ သူ့ရဲ့မိခင် ရေချယ် စင်းဂါး ဒေးဗစ် ပဲရိစ် နဲ့ စတက်ဖန်ဂိုး တို့ရဲ့ ဘ၀ဇာတ်ကြောင်းဖြစ်နေလို့ပါ။ အခုချိန်မှာ အိုမင်းရင့်ရော်သွားပြီဖြစ်တဲ့ ဒီလူ ၃ ယောက်ရဲ့ ငယ်ဘ၀ဟာ ဂုဏ်ယူချီးကျူးစရာတွေ အပြည့်ပေါ့ ။ မိုဆက်အေးဂျင့် ၃ ယောက်ဖြစ်တဲ့ သူတို့ဟာ ဘာလင်ကို နိုင်ငံတော်အဆင့် မစ်ရှင်တစ်ခုနဲ့ တာ၀န်ကျခဲ့တယ် ... သူတို့ရဲ့တာ၀န်က ဆရာ၀န်အမည်ခံပြီး လူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သူ ၁၅ နှစ်တာလုံး ဘယ်လိုမှ မဖမ်းမိသူ ဒေါက်တာ ဗိုဂယ်ကို ဖမ်းဆီးဖို့ပေါ့.... ဒီလို ဂုဏ်ယူစရာ အဖြစ်အပျက်ကို သမီးဖြစ်သူက စင်ပေါ်မှာ ၀မ်းပန်းတသာ ပြောနေပေမဲ့ ကာယကံရှင် ဖြစ်သူ ရေချယ်ကိုယ်တိုင်ကတော့ ရွှင်ပျမနေခဲ့တာ ဘယ်သူမှ သတိမထားမိခဲ့ပါဘူး ... လူတကာက သူတို့ရဲ့ လုပ်ရပ်ကို ချီးကျူးနေကြပေမဲ့ ဒီအဖြစ်ရဲ့ နောက်ကွယ်မှာ ကိစ္စတစ်ခု ရှိနေသေးတာကို ရေချယ်၊ စတက်ဖန်နဲ့ ဒေးဗစ်တို့ သုံးယောက်သာ သိပါတယ် IMDb 6.8 RT 77% ရှိရရှိထားပြီး မင်းသမီးကြီး Helen Mirren၊ မင်းသမီးချော Jessica Chastain ၊ မင်းသား Sam Worthington နဲ့ Tom Wilkinson တို့လို အကောင်းစားကြီးတွေ ပါ၀င်ထားပြီး ဇာတ်အိမ်အသွားအလာကလည်း အကောင်းစားကြီးဖြစ်တာမို့ လက်မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦး File size…(1.7
ဇာတ်ကားကြည့်ရန်
အခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ပျောက်သွားတဲ့ ညီမလေးကိုလိုက်ရှာနေတဲ့ လက်ဝှေ့ဖိုက်တာမလေးတစ်ဦးရဲ့ စွန့်စားခန်းလေးကို ရင်တဖိုဖိုရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ စိတ်ဓါတ်ခိုင်မာသူဖြစ်ပါစေ ချစ်ရသူတွေကိုဆုံးရှုံးရတဲ့အခါ ပြိုလဲ ကြရတာပါပဲ။ ပရိသတ်အားပေးခံရတဲ့ လက်ဝှေ့သမတစ်ဦးဖြစ်တဲ့ K.O ဟာလည်း ချစ်ရတဲ့ညီမလေးပျောက်ဆုံးသွားပြီးနောက် ပြိုင်ပွဲတွေကို အာရုံမစိုက်နိုင်တော့ဘဲ ညီမကိုလိုက်ရှာနေခဲ့ပါတယ်။ ပိုက်ဆံစုပြီး သတင်းလိုက်ရာကနေ ညီမငယ်ကို ဖမ်း သွားတဲ့ဂိုဏ်းနောက်လိုက်ဖို့ သူ့ကိုယ်သူ လူမှောင်ခိုကူးခံရမယ့် ကောင်မလေးတစ် ယောက်အဖြစ် အသွင်ပြောင်းလိုက်ပြီးချိန်မှာတော့ . . . K.O တစ်ယောက် ဒုစရိုက် ဂိုဏ်းရဲ့ ခရီးကြမ်းတွေကြား အကြမ်းစားဖိုက်တင်းစကေးတွေနဲ့ ဘယ်လိုဖြတ်ကျော် မလဲဆိုတာကို ရင်တဖိုဖိုနဲ့ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Lwin Aung ဖြစ်ပါတယ်) File Size - (1.17 GB) / (456 MB) / (290 MB) Quality – WebDL 1080p / 720p/480p Duration - 1h 25mins Subtitle – Myanmar Hardsub Format – MP4 Genre : Crime, Thriller Translator – Lwin Lwin Aung Encoder – SWM
ဇာတ်ကားကြည့်ရန်
အိမ်ထောင်တစ်ခုရယ်လို့ရှိလာခဲ့ရင် ကိုယ့်အမျိုးသားဖောက်ပြန်သွားမလား စိုးရိမ်တတ်ကြတာ အမျိုးသမီးတိုင်းရဲ့ သဘာဝပါပဲ နှစ်တွေဘယ်လောက်ကြာကြာ တတိယလူဆိုတာပေါ်လာခဲ့ရင် ကိစ္စတွေကမောက်ကမဖြစ်သွားနိုင်ပါတယ် "နင်ငါတို့လိုသာကွာရှင်းရှေ့နေလုပ်ကြည့်ပါလား အချိန်ကြာလာတာနဲ့အမျှ လူတိုင်းကဖောက်ပြန်နေကြပါလားဆိုပြီးသိလာလိမ့်မယ်" "မိန်းမတွေက သူတို့ခိုးစားတာကိုလူမမိအောင်လုပ်တဲ့နေရာမှာယောကျာ်းတွေထက်ပိုတော်တယ်" ဒီဇာတ်လမ်းကတော့ ယုံကြည်မှုကိုအခြေခံပြီး အိမ်ထောင်တစ်ခုတည်ဆောက်ထားတဲ့ အိုဝင်မ်နဲ့ ဘရော့ခ်တို့ရဲ့ အချစ်စမ်းပွဲအကြောင်းရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ် ယုံကြည်မှုနဲ့လက်တွဲခဲ့ပေမယ့် အလုပ်ကိစ္စအကြောင်းပြပြီး အိုဝင်မ်တစ်ယောက် ညဉ့်နက်တွေမှာ ထထသွားနေတာ ဘရော့ခ်တစ်ယောက်စိတ်ထဲဘဝင်မကျလှပါဘူး ဒါ့အပြင်ဘရော့ခ်ရဲ့ သူငယ်ချင်းက ကွာရှင်းရှေ့နေတစ်ယောက်ပါ "ဒီခေတ်ကြီးမှာအကုန်လုံးနီးပါးဖောက်ပြန်နေကြတာ နင့်ယောကျာ်းဖောက်ပြန်မပြန်သိချင်ရင် ကြေးစားငှားပြီး စမ်းကြည့်ပါလား" ဒီစကားကိုနားယောင်သွားတဲ့ဘရော့ခ်တစ်ယောက် ဘာတွေဆက်လုပ်သွားမလဲ အိုဝင်မ်ကရော ဘရော့ခ်အပေါ်သစ္စာမဖောက်တဲ့ ယောကျာ်းကောင်းတစ်ယောက်လားဆိုတာ ကြည့်ရှုရမယ့်ပညာပေးဇာတ်ကားတစ်ကားပါ အိမ်ထောင်တစ်ခုမှာ ယုံကြည်မှုက အရေးအကြီးဆုံးဖြစ်ပြီးသံသယစဝင်တာနဲ့ အမှားတွေကပ်ပါလာတတ်ကြောင်းကွက်ကွက်ကွင်းကွင်းမြင်အောင်ရိုက်ပြထားတဲ့ ဇာတ်လမ်းဖြစ်တာကြောင့် သံသယများတတ်တဲ့လူတွေကြည့်ရှုဖိ
ဇာတ်ကားကြည့်ရန်
Bullet In The Head ကို တစ်ချို့က ဂျွန်ဝူးရဲ့ အကောင်းဆုံးကားလို့ ဆိုကြတယ်။ Bullet မှာလည်း ဂျွန်ဝူးဟာ သူရဲ့ Trademark ဖြစ်တဲ့ Heroic Bloodshed ပုံစံအတိုင်းပဲ ရိုက်ထားတာပါပဲ။ ဂျွန်ဝူးဟာ ဟောင်ကောင်စီနီမာက စလိုက်တဲ့ ဒီ Genreရဲ့ Pioneer တစ်ယောက်ဖြစ်သလို ဒီ Genre ကို အပိုင်ဆုံးကလည်း ဂျွန်ဝူးပါပဲ။ ဇာတ်လမ်းသာပြောင်းသွားမယ် ညီအစ်ကိုစိတ်ဓာတ်တွေ သွေးသံရဲရဲတွေ အကြမ်းပတမ်းတိုက်ခန်းခိုက်ခန်းတွေ လူမိုက်တွေ ဒါတွေပဲမြင်နေရမှာပေမဲ့ ဂျွန်ဝူးကတော့ ကြည့်လို့မရိုးအောင်ကို ဆွဲဆောင်မှုရှိအောင် ရိုက်ပြနိုင်ပါတယ်။ ဟောင်ကောင်ကစခဲ့တဲ့ ဒီ Heroic Bloodshed Genre ဟာ အနောက်မာစတာပိစ် အက်ရှင်တွေကို လွှမ်းမိုးနိုင်တဲ့အထိ ဂျွန်ဝူးတို့ခေတ်က ပေါက်မြောက်ခဲ့ပါတယ်။ အနောက်ကို လွှမ်းမိုးမှုများခဲ့ပါတယ်။ အထင်ရှားဆုံးပြောရရင် Quentin Tarantino ဟာ City on Fire (1987)ကို Inspire ယူပြီး Reservoir Dogs ကိုရိုက်ခဲ့တာဖြစ်သလို The Killer ကလည်း Léon: The Professional ကားအပေါ် လွှမ်းမိုးမှု အတော်ကြီးခဲ့ပါတယ်။ Bullet In The Head ဟာ ဒီကားနဲ့ရှေ့ဆင့်နောက်ဆင့်ထွက်ခဲ့တဲ့ သူဆက်မရိုက်ဖြစ်ခဲ့တဲ့ A Better Tomorrow 3 လိုပဲ ဆိုင်ဂုံမှာ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ ဒီလိုဖြစ်ရတာလည်း အစက Bullet in the head ကို Better Tomorrow 3 အဖြစ်ရည်ရွယ်ခဲ့ပေမဲ့ Tsui Hark နဲ့ ပြဿနာတက်ရာက ခွာပြဲသွားကြလို့ပါပဲ။ မဟုတ်ရင် A Better Tomorrow Trilogy ဟာ အကောင်းဆုံးအပိ
ဇာတ်ကားကြည့်ရန်
Wild Dog (2021) imdb 6.1/2.4k နာမည်ကြီးတေလဂူးမင်းသားကြီး Nagarjuna Akkineniအဓိကသရုပ်ဆောင်ထားတဲ့ အက်ရှင်ကားကောင်းတခုတင်ဆက်ပေးချင်ပါတယ်...ဘယ်လောက်တောင်ကြမ်းသလဲဆိုရင် TV-MAရိတ်တင်ရတဲ့ထိပါပဲ..... ဇာတ်လမ်းအကျဉ်းကတော့ အကြမ်းဖက်နိုမ်နင်းရေးအရာရှိ ဗီဂျေးဟာ အကြမ်းဖက်နိုမ်နင်းရာမှာ ကြမ်းတမ်းရက်စက်လွန်းတာကြောင့် Wild Dog (ခွေးရိုင်းကြီး)လို့နာမည်ပြောင်ပေးရတဲ့ထိ ဆိုးဝါးလှပြီး ဌာနကလည်း သူ့ကို ရုံးထိုင်အလုပ်ပြောင်းပေးခဲ့ပါတယ်... ဒါပေမယ့် တနေ့မှာတော့ နိုင်ငံတွင်း အကြမ်းဖက်ဗုံးဖောက်ခွဲမှုတွေ စိပ်လာပြီး အကြမ်းဖက်သမားတွေဟာ နိုင်ငံရဲ့လုံခြုံရေးကို ထိပါးစော်ကားလာတာကြောင့် ဌာနက သူ့ကို ပြန်လည်ရာထူးပေးအပ်ပြီး အမှုလိုက်ခိုင်းပါတော့တယ်.... ဗီဂျေးဒီတခါဆုံတွေ့ရမယ့်ရန်သူက အင်မတန်ကောက်ကျစ်ဉာဏ်များပြီး ဖောက်ခွဲရေးပိုင်းဆရာတဆူဖြစ်တာကြောင့် ဗီဂျေးတစ်ယောက် ဘယ်လိုဘယ်ပုံ စွန့်စားပြီး ဉာဏ်ပညာရော ခွန်အားရော ပြိုင်ဆိုင်သွားလဲဆိုတာကို ဇာတ်လမ်းအစဆုံးထိ မလွှတ်တမ်းကြည့်ရှုချင်သွားမယ့် ရုပ်ရှင်ကောင်းတပုဒ်ပဲဖြစ်ပါတယ် File size…2.11GB / 1GB Quality…1080p UHD WEB DL / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moment
ဇာတ်ကားကြည့်ရန်
ဗိသုကာ ပညာရှင်ဖြစ်ဖို့ ကြိုးစားနေတဲ့လူတစ်ယောက်ရှိတယ်။ ငယ်စဥ်ကတည်းက ပုံတွေထိုင်ဆွဲနေတတ်တယ်။ ကြမ်းကြမ်းတမ်းတမ်းတွေ မလုပ်နိုင်ခဲ့ဘူး။ အနုပညာဆန်သူတစ်ဦးပေါ့ဗျာ။ အဲဒီလူဆီမှာ မိန်းမရှိတယ်။ အိမ်ထောင်ရေးက အဆင်မပြေတာတော့ မဟုတ်ဘူး။ အဆင်ပြေတာမျိုးလည်း မဟုတ်ပြန်ဘူး။ ပုံတွေပဲ ထိုင်ဆွဲနေတတ်တဲ့အတွက် မိန်းမကို ဂရုမစိုက်နိုင်ဘူးပေါ့။ ဇာတ်လမ်းက အခုမှစတာဗျ။ အဲဒီလူမှာ ရှားပါးတဲ့ မျက်လုံးရောဂါတစ်ခုဖြစ်လာရော။ ဆရာဝန်ပြောတာတော့ မျက်လုံးက ကွယ်သွားမယ်တဲ့။ သောက်ဆေးနဲ့ပဲ မြန်မြန်ကွယ်မသွားအောင် ထိန်းပေးနိုင်မယ်တဲ့။ ဒီလိုနဲ့ ဆေးခန်းကအပြန် စိတ်ညစ်ညစ်နဲ့ ဘတ်စ်ကားတက်စီးလိုက်တာ ဂိတ်ဆုံးအထိ အိပ်ပျော်ပြီး ပါသွားရော။ ဘတ်စ်ကားက တစ်နာရီကြာမှ မြို့ထဲပြန်သွားမှာ။ ဒီလိုနဲ့ဟိုဟိုဒီဒီလျှောက်သွားရင်း သစ်တောထဲမှာ တစ်ယောက်တည်းနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ကောင်မလေးကလည်း သူ့လိုမျိုးပဲ လူထူးဆန်းလို့ပြောရမယ်။ အနုပညာလည်းဆန်တယ်။ သူတို့နှစ်ယောက် အချင်းချင်း ချိတ်ဆက်မိကြတယ်ပေါ့။ တစ်နေ့မှာတော့ သူ့မျက်လုံးတွေ ကွယ်သွားခဲ့တယ်။ ဒါပေမဲ့ ဘာမှမမြင်ရတာတော့ မဟုတ်ဘူး။ အိပ်မက်ဆန်ဆန် လူတွေကို မြင်နေရတယ်။ တခြားကမ္ဘာတစ်ခုလိုပဲ။ လူ့ခန္ဓာကိုယ်တွေမြင်ရတယ်။ မျက်နှာတွေမမြင်ရဘူး။ ဒါတွေက ဘာကြောင့်ဖြစ်နေရတာလဲ။ မိန်းမဖြစ်သူမှာရော ဘယ်လိုကိစ္စတွေ ရှိနေမလဲ။ သစ်တောထဲက ကောင်မလေးနဲ့ရော ဘာတွေဆက်ဖြစ်မလဲဆိုတာတွေကို ကိုယ်တိုင်ပဲ ခံစားကြည့်လိုက်ပါ။
ဇာတ်ကားကြည့်ရန်
မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ် ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ… ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။ ၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။ အခု ၃ ကားမြောက် တင်ဆက်လိုက်တဲ့ In the Line of Duty 3 (1988) ဇာတ်ကားကို Force of The Dragon လို့လဲ ခေါ်ဆိုကြပါတယ်။ မင်းသမီး Cynthia Khan အဓိကပါဝင်ထားပြီး ခပ်ဟော့ဟော့ ခပ်ကြမ်းကြမ်းခန်းတွေကို ရိုက်တတ်တာမို့ သူ့ကို ဟောင်ကောင်ဂျက်မအနေနဲ့ ပိုသိကြပါတယ်။ IMDb Rating(6.5) ထိ ရရှိထားသလို ဖိုက်တင်ခန်းတွေလဲကြမ်းသမို့ Action ပရိတ်သတ်တွေ လက်လွတ်မခံသင့်ကြောင်း ညွှန်းဆိုပါရစေ။ ဟောင်ကောင်ဂျက်မဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=in+the+line+of+duty ကြည့်လို့ရပါတယ်။ File size…(2.2 GB)/(900 MB) Quality….B
ဇာတ်ကားကြည့်ရန်
စားသောက်ဆိုင်တစ်ဆိုင်ကို စီမံရတဲ့စားဖိုမှူးခေါင်းဆောင်တစ်ယောက်လုပ်ရတာက တစ်ကယ်ပဲလွယ်ကူမှုရှိရဲ့လား စားသောက်ဆိုင်တစ်ဆိုင်လည်ပတ်ရတာကရော ရိုးရှင်းရဲ့လား စားဖိုမှူးတစ်ယောက်က အစားအသောက်လေးကိုချက်ပြုတ်ရုံလေးပဲလို့ထင်မိလား ဒီလိုထင်မိရင်တော့ ဒီကားလေးကိုကြည့်လိုက်ပါ။ အန်ဒီဆိုတဲ့ စားဖိုမှူးခေါင်းဆောင်နဲ့အတူ စားသောက်ဆိုင်ရဲ့လည်ပတ်ပုံတွေကို ကိုယ်တိုင်လိုက်ပါကြည့်ရှုလိုက်ပါ။ မိသားစုပြဿနာတွေကြားဗျာများနေရပေမယ့်အန်ဒီတစ်ယောက် ခရစ်စမတ်အကြိုသောကြာနေ့ညအတွက် စားဖိုဆောင်မှာအကောင်းဆုံးတာဝန်ထမ်းဆောင်နေပုံတွေ စားသောက်ဆိုင်အလုပ်ရဲ့ ဖိအားတွေပြဿနာတွေကို ကိုယ်တိုင်စားသောက်ဆိုင်ထဲမှာရောက်နေသယောင်ဖြစ်အောင် Single Shot နဲ့ပဲရိုက်ကူးထားပြီး ဆုလေးဆုရကာ ဆု(၁၄)ဆုမှာဇကာတင်စာရင်းဝင်ထားတဲ့ဇာတ်ကားဆိုတော့ ကြည့်လိုက်မိလို့နောင်တရစရာမရှိမှာတော့သေချာပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chit Tee ပါ ) File Size__(1.66GB) / (850MB) Quality__1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__01:36:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by Naing Aung Latt
ဇာတ်ကားကြည့်ရန်
Channel Myanmar ရဲ့ပရိတ်သတ်တွေအတွက် ဟောင်းပေမယ့် ကောင်းဆဲဆိုတဲ့ ဒီလိုရုပ်ရှင်မျိုးတွေကို တစ်ဖန်ပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ရုံတင်ငွေ 23.6 သန်းအထိရထားတဲ့ ဒါရိုက်တာ Daniel Sackheim ရဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။ Daniel Sackheim ဆိုရင် Game of thrones , The Walking Dead ဒီလို ဝက်ဝက်ကွဲအောင်မြင်တဲ့ရုပ်ရှင်တွေမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့တဲ့ နာမည်ကြီးဒါရိုက်တာတစ်ယောက်ပါ။ ဒီတော့ The Glass House မှာလည်း ဘယ်လိုလက်စွမ်းပြထားမလဲဆိုတာ ခံစားကြည့်လိုက်ပါဦးဗျာ။ ဆယ်ကျော်သက်တို့ထုံးစံအတိုင်း ရူဘီဟာ သောက်စား ပျော်ပါး ဘဝကိုပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေတဲ့ အထက်တန်းကျောင်းသူတစ်ယောက်ပါ။ တစ်ရက်တော့ ဘဝဟာ ကံဆိုးမိုးမှောင်ကျပြီး မိဘနှစ်ပါးလုံးကို တစ်ပြိုင်တည်း ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီနောက်တော့ ရူဘီနဲ့ သူ့မောင်လေး ရက်တ်ဟာ သူတို့ရဲ့ အိမ်နီးချင်းဟောင်း ဂလပ်စ်တို့ လင်မယားဆီမှာ မွေးစားခံလိုက်ရပါတယ်။ ပြီးတော့ ဂလပ်စ်တို့လင်မယားရဲ့ မယ်လ်ဘူက အိမ်ကိုပြောင်းရွေ့ခဲ့ကြတာပေါ့။ ဂလပ်စ်တို့မိသားစုက ကြင်နာတတ်ပြီး ငွေကြေးဥစ္စာလည်း ကြွယ်ဝကြပါတယ်။ ခိုးကိုးရာမဲ့နေတဲ့ မောင်နှမတွေအတွက်တော့ သူတို့က ဘုရားသခင်လိုပဲပေါ့။ ဒါပေမယ့် ဘဝနဲ့လူတွေက ခန့်မှန်းလို့မရနိုင်တာ အားလုံးအသိပဲ မဟုတ်လားဗျာ။ ဒီလင်မယားရဲ့ ချိုသာပြီး နွေးထွေးတဲ့မျက်နှာဖုံးရဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။ ဂလပ်စ်တို့ရဲ့ ဖန်သားအတိကာထားတဲ့ အိမ်ကြီးမှာ ရ
ဇာတ်ကားကြည့်ရန်
1982 ခုနှစ်မှာထွက်ရှိလာခဲ့တဲ့ Blade Runner ကားဟာလက်ရှိ 2017 ကာလဆီကိုဦးတည်ရိုက်ကူးထားတဲ့ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ မိုးပျံကားတွေ အထပ်မြင့်အဆောက်အဦတွေနဲ့ ပြောင်းလဲနေပြီဖြစ်တဲ့ ကမ္ဘာကြီးမှာအထူးပြောင်းလဲမှူလို့ခေါ်နိုင်တာတစ်ခုလဲရှိနေပါတယ်။ အဲ့တာကတော့ Replicants လို့ခေါ်တဲ့ ပုံတူစက်ရုပ်တွေပါပဲ။ လူသားနဲ့ချွပ်စွပ်တူတဲ့ အဲ့စက်ရုပ်တွေက ခံစားချက်တွေပေါက်ဖွားလာနိုင်တာကို လူသားတွေသိတဲ့အခါ သုတ်သင်ပစ်ဖို့ကြိုးစားရပါတော့တယ်။ မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်က Blade Runner လို့ခေါ်တဲ့ မုဆိုးတစ်ယောက်။ထွက်ပြေးလွတ်မြောက်နေတဲ့ Replicant တွေကိုရှာဖွေ သတ်ဖြတ်ပေးရမယ့်တာဝန်နဲ့ ဇာတ်လမ်းကို အစချီထားပါတယ်။ သာမာန်သိပ္ပံကားတွေနဲ့ မတူတာကတော့ ဒီစက်လမ်းက စုံထောက်ဇာတ်လမ်းအသွားမျိုးလို့ပြောလို့ရပါတယ်။ ရိုးရိုးသားသားဝန်ခံရရင် စကြည့်ကာစကတော့ သိပ္ပံဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း စက်ရုပ်တွေကလူဆိုးတွေဖြစ် လူဆိုးတွေကိုရှင်းလင်းလိုက်တဲ့ကားမျိုးပဲထင်ခဲ့တာပါ။ ကြည့်ရင်းနဲ့ ဒီကားက Imdb Rating 8.2နဲ့ Rotten Tomatoes 90% ရလဲရထိုက်ပါပေတယ်လို့ပဲကောက်ချက်ချလိုက်ပါတယ်။ ဒီဇာတ်လမ်းရဲ့ နောက်ဆက်တွဲ Blade Runner 2049 (2017) လဲ ထွက်ရှိထားတာမလို့ ဒီကားလေးကို အရင်ခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတော့တယ်။ File size…(2.2 GB)/(900 MB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:57:31 Subtitle….Myanmar Subtitle (Har
ဇာတ်ကားကြည့်ရန်
Lucid Dream ဆိုတာ လူတစ်ယောက်က အိပ်မက်ထဲမှာရောက်နေပေမယ့် ဒါဟာအိပ်မက်ပဲလို့ သူ့မှာ အသိစိတ်ရှိနေတာမျိုး အဲဒီ အိပ်မက်ကို Control လုပ်နိုင်တာမျိုးကို Lucid Dream လို့ခေါ်ပါတယ် အပြင်မှာ ကိုယ်အမှတ်မထင်ဖြစ်သွားတဲ့ အရာတွေကိုတောင်မှ Lucid Dream ထဲမှာပြန်မက်လိုက်ရင် ရှင်းရှင်းလင်းလင်းမြင်နိုင်စေလောက်တဲ့ အိပ်မက်မျိုးပေါ့ ဒီဇာတ်ကားမှာတော့ မင်းသားကြီး Go Soo နဲ့ Sol Kyung Gu တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်း စုံထောက်ချွဲဒယ်ဟိုဟာ လူချမ်းသာတွေ အာဏာရှိလူတန်းစားတွေနဲ့ အကျင့်ပျက်ခြစားမှုတွေကို အမြဲတမ်းဖော်ထုတ်လေ့ရှိတဲ့ သတင်းထောက်တစ်ယောက်ပါ ဒါကြောင့်လည်း အာဏာရှိလူတန်းစားတွေ လူကုံထံတွေက သူ့ကို အမြင်မကြည်ကြပါဘူး သူ့မှာ အရမ်းချစ်ရတဲ့ တစ်ဦးတည်းသောသားလေး ချွဲမင်အူရှိပါတယ် အမိမဲ့သားလေး မင်အူက သတင်းထောက်ချွဲရဲ့ဘဝမှာ အရေးအပါဆုံးသူပေါ့ တစ်ရက် သားအဖနှစ်ယောက် ကစားကွင်းတူတူသွားရင်း မင်အူလေး ပြန်ပေးဆွဲခံခဲ့ရပါတယ် ဒီပြန်ပေးဆွဲမှု ၃ နှစ်ကြာတဲ့အထိ ဘာသဲလွန်စတစ်ခုမှ မရခဲ့ဘူး အဲဒီအချိန်မှာ LUCID DREAM ကနေတစ်ဆင့် ပြန်ပေးသမားတွေ တရားခံတွေကို ဖမ်းမိတယ်ဆိုတဲ့ သတင်းကို ချွဲဒယ်ဟိုတွေ့သွားခဲ့တယ် ဒါကြောင့် Lucid Dream အကြောင်း သုတေသနလုပ်ပြီး စာတမ်းပြုစုနေတဲ့ သူ့ရဲ့သူငယ်ချင်း ဆိုဟျွန်းနဲ့အတူတူ Lucid Dream တွေကတစ်ဆင့် သဲလွန်စနဲ့ တရားခံကိုရှာဖွေဖို့ကြိုးစားခဲ့တယ် တကယ်ပဲ Lucid Dream ကနေ သဲလွန်စတွေရနိုင
ဇာတ်ကားကြည့်ရန်
ခေတ်ကြီးက တိုးတက်လာပြီ။ ကျွန်တော်တို့ငယ်ငယ်ကလို ညတွေဟာ အိပ်စက်ဖို့ရာမဟုတ်တော့ဘူး။ မကုန်နိုင်တဲ့ရုပ်ရှင်တွေ ဆိုရှယ်မီဒီယာတွေ ဂိမ်းတွေနဲ့ ညတွေဟာ ပိုစည်းကားလာကြပြီ။ အိပ်ချိန်တွေ မမှန်ကြတော့ဘူး။ ဒီလို အိပ်ချိန်မမှန်ရာကနေ အိပ်မပျော်တဲ့ရောဂါတွေပါ ရလာတယ်။ အစမှာတော့ သိပ်မသိသာပေမဲ့ အိပ်ချိန်မမှန်တဲ့အခါ စိတ်ဓာတ်တွေကျလာမယ်။ အသားအရေတွေ မကောင်းဖြစ်လာမယ်။ ၀က်ခြံတွေပေါက်လာမယ်။ ဘာမှကိုအကောင်းမရှိပါဘူး။ ဒါကြောင့် အများသူငါအတွက်မျှော်တွေးပြီး ဆယ်မိနစ်လောက်ကြည့်ရုံနဲ့ အိပ်ပျော်သွားစေမယ့် Sci-Fi ရုပ်ရှင်ကားသစ်ကြီးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ အတိတ်ခဏခဏမေ့ပြီး ဘာမှမမှတ်နိုင်ဖြစ်နေတဲ့ မိန်းကလေးတစ်ယောက် A.I အိမ်ကြီးထဲ စမ်းသပ်နေထိုင်ကြည့်တဲ့ အကြောင်းပါ။ A.I က ထကြောင်ပြီး ပြဿနာရှာရာက ခြောက်ခြားစရာတွေ ဖြစ်လာတဲ့ရုပ်ရှင်ပေါ့။ ဒါပေမဲ့ ဘာအဓိပ္ပာယ်မှလည်းရှိမနေသလို ကောင်းကွက်တစ်ကွက်မှလည်း မတွေ့ပါဘူး။ အားလုံးပဲ ဒီရုပ်ရှင်လေးကြည့်ပြီး အိပ်ပျော်နိုင်ကြပါစေ... Size - 800MB, 390MB Quality - 1080p, 720p Format - mp4 Duration - 1H 21Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar
ဇာတ်ကားကြည့်ရန်
ရဲကားတစ်စီးရယ် လူနာတင်ကားတစ်စီးရယ် အကျဉ်းသားရွှေ့ပြောင်းဖို့အတွက် ညနက်နက်မှာ ကားဖြတ်မောင်းလာကြတာပေါ့။ ဘေးပတ်၀န်းကျင် ပယောဂကြောင့်လား မတော်တဆမှုတစ်ခု ကြောင့်ပဲလား မသိရပေမယ့် ကားနှစ်စီးလုံးဟာ ချောက်တစ်ခုထဲကို ဒလိမ့်ကောက်ကွေး ကျသွား ပါတော့တယ်။ အဲ့ထဲမှာမှ ဆေးဘက်အကူလေး Melina သတိမေ့ရာကနေနိုးလာတော့ အရာရာဟာ ၀ရုန်းသုန်းကား ... နောက်မှ သိလိုက်ရတာကတော့ ဒီဖြစ်ရပ်ဟာ မတော်တဆမှုတစ်ခုမဟုတ်ပဲ လုပ်ကြံမှုတစ်ခု ဆိုတာကိုပါပဲ။ Melina ကတော့ အိမ်မှာကျန်ခဲ့တဲ့ သမီးလေး Lily ကိုသာ စိတ်ပူပြီး အမြန်ပြန်ချင်ဇောကပ်နေခဲ့တာပေါ့၊ သို့ပေမယ့် မတော်တဆမှုတစ်ခုမဟုတ်ခဲ့တဲ့ ဒီလုပ်ကြံမှုမှာ အသက်ရှင်ကျန်နေတဲ့သူတွေကို တစ်ယောက်ပြီးတစ်ယောက် အပျောက်ရှင်းမယ့် အမည်မသိသူတွေ ပါ၀င်ပတ်သက်လာတဲ့အခါမှာတော့...... ဆေးဘက်အကူ Melina တစ်ယောက် ဒီဖြစ်ရပ်ဆိုးကြီးကနေ ဘယ်လိုရုန်းကန်ထွက်မလဲ ဒီလုပ်ကြံမှု ကရော အကြောင်းမဲ့သက်သက်တိုက်ခိုက်မှုတစ်ခုပဲလား၊ ဘယ်သူတွေကရော ရှင်ကျန်ပြီး လွတ်မြောက် နိုင်မလဲ စတာတွေကို ကြည့်ရှုရမယ့် horror ဇာတ်လမ်းကောင်းလေးတစ်ပုဒ်မို့ CM ပရိတ်သတ်တွေ အတွက် တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chuck Chuck မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Chuck Chuck, Jo Jo Va တို့ဖြစ်ပါတယ်။) File Size - (941 MB) / (446 MB) / (195 MB) Quality – WebDL - (1080p) / (720p) / (480p) Duration - 1hr 26min Subti
ဇာတ်ကားကြည့်ရန်
တရားမျှတမှုဆိုတာကို ဥပဒေကမပေးစွမ်းနိုင်ရင် သင်ဘာလုပ်မှာလဲ။ ပြည့်စုံတဲ့မိသားစုဘဝရထားတဲ့ စီးပွားရေးသမားတစ်ယောက်ဟာ ဓားပြမှုတစ်ခုကြောင့် မိသားစုဝင်ဆုံးရှုံးလိုက်ရပြီး သာမန်ဓားပြမှုမဟုတ်တာကို သိလိုက်ရတဲ့အပြင် တရားခံဟာလည်း ထိုက်သင့်တဲ့ပြစ်ဒဏ်ချမှတ်မခံရတဲ့အခါ အဆုံးမရှိတဲ့ ကလဲ့စားလမ်းကိုလျှောက်ဖို့ ဖြစ်လာပါတော့တယ်။ Saw, Fast&furious 7, Aquaman စတာတွေနဲ့ နာမည်ကြီးခဲ့တဲ့ဒါရိုက်တာ James Wan ရဲ့ action thriller ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းပိုင်းခေါင်းမစားချင်ပဲ ပစ်တာခတ်တာကလဲ့စားချေတာ ပွဲကြမ်းပြတာတွေကြည့်ချင်နေသူတွေ အကြိုက်တွေ့စေမယ့်ကားတစ်ကားဖြစ်ပါတယ်။ File size…2.03Gb / 1Gb Quality…1080p BluRayx264 AAC 5.1CH Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Pyi T Nyein
ဇာတ်ကားကြည့်ရန်
တတိယကမ္ဘာစစ်ကြီးဖြစ်ပြီးလို့ ပျက်ကပ်ဆိုက်နေတဲ့ကမ္ဘာကြီးမှာ ထရွိုင်နဲ့ဂျိတ်တို့ သားအဖနှစ်ယောက်တည်း တောထဲကအိမ်ကလေးမှာနေကြပါတယ်။ဂျိတ်ငယ်ငယ်လေးတည်းက တောထဲမှာအမဲလိုက်ပြီးဖြစ်သလိုနေထိုင်ကြပြီး သူ့အဖေက သူစိမ်းမှန်သမျှကို ရန်သူလို့သတ်မှတ်ကာ ပစ်သတ်ပါတယ်။အပြင်လောကမှာ လူဆိုးတွေပဲကျန်တာဖြစ်လို့ ဘယ်သူ့ကိုမှမယုံဖို့ သူ့အဖေက ဂျိတ်ကိုသင်ကြားထားပါတယ်။ တစ်ရက်မှာတော့ သူ့အဖေဒဏ်ရာရတာကြောင့် ဂျိတ်တစ်ယောက် ဆေးရှာထွက်ရင်း အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ပါတယ်။သူ့အဖေက အပြင်လူမှန်သမျှသတ်ဖို့ညွှန်ကြားပေမယ့် ဂျိတ်ကစူးစမ်းချင်စိတ်ကြောင့်ဒီအမျိုးသမီးနဲ့နီးစပ်လာပါတယ်။ သူစိမ်းတစ်ယောက်ကိုဘယ်လောက်ယုံနိုင်မလဲ။ ကိုယ့်ကိုတစ်သက်လုံး ကာကွယ်နေတဲ့၊ကိုယ့်ကိုချစ်တဲ့သူကိုရော ဘယ်လောက်ယုံနိုင်မလဲ။ ဒါရိုက်တာ Drew Mylrea ရိုက်ကူးထားတဲ့ Survival Thriller အမျိုးအစားဖြစ်ပြီး မင်းသမီးချော Alicia Silverstone နဲ့ အတူ Stephan Moyer,Drew Van Acker တို့ပါ၀င်ပေးထားပါတယ်။ File size…(1 GB)/(400 Mb)/(250 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Scifi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
ဇာတ်ကားကြည့်ရန်
Spy 2023 IMDb 8.3/10 Action/Thriller ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ အက်ရှင်အလန်းစားတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် တေလဂူမင်းသားချော Nikhil Siddharth ပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ RAWအဖွဲ့အစည်းလက်အောက်မှာ လုပ်ကိုင်နေတဲ့ လျှို့ဝှက်အေးဂျင့်ဆူဘာ့ရှ်ဟာ စစ်ဆင်ရေးတစ်ခုမှာ သေဆုံးသွားခဲ့ပါတယ်။ အစ်ကိုဖြစ်သူ ဆူဘာ့ရှ်ရဲ့သေဆုံးမှုကို သေချာသိရဖို့အတွက် ညီဖြစ်သူဂျေးဟာ လျှို့ဝှက်အေးဂျင့်လုပ်နေရင်း စုံစမ်းနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဂျေး တာဝန်ပေးခံခဲ့ရတဲ့ စစ်ဆင်ရေးတစ်ခုဟာ အစ်ကိုဖြစ်သူဆူဘာ့ရှ် လုပ်ကိုင်ခဲ့တဲ့စစ်ဆင်ရေးဖြစ်နေခဲ့ပါတယ်။ စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာ ဒီကိစ္စဟာ အိန္ဒိယနိုင်ငံရဲ့ဂုဏ်သိက္ခာ၊ နိုင်ငံသားတွေရဲ့ဘေးကင်းမှုနဲ့လည်း သက်ဆိုင်နေပါတယ်။ ဂျေးတစ်ယောက် ဒီလိုကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ရင်း အစ်ကိုဖြစ်သူရဲ့သေဆုံးမှုကိုပါ စုံစမ်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီစစ်ဆင်ရေးအောင်မြင်သွားမလား။ ဂျေးရဲ့အစ်ကိုကရော ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ဆက်ပြီးကြည့်ရှုပေးကြပါဦး။ (အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ Cherry ~ BpL ~ V ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်) File size…2.4GB / 1GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry ~ BpL ~ V ~ Zwe ~ Yunni
ဇာတ်ကားကြည့်ရန်
ရွာ... အပြစ်ကင်းစင်မှုတွေနဲ့ ထုံမွှမ်းနေတဲ့ ချစ်စရာရွာလေး။ စကားပြောတာတောင် နူးနူးညံ့ညံ့နဲ့ ဂုဏ်တွေ ပကာသနတွေ ဘာမှမရှိတဲ့ရွာလေးပေါ့။ ဒီချစ်စရာရွာလေးမှာ သတ္တိ၊ဒေါသနဲ့ ရမ္မက်ကို ကိုယ်စားပြုနေတဲ့ အနီရောင်ကို အရောင်ဆိုးလို့ သတ်မှတ်ကြတယ်။ အနီရောင်ကို မြင်တာနဲ့ မြေမြှုပ်ပစ်ကြတယ်။ ဒီလိုလုပ်ရတာ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိနေပါသေးတယ်။ အနီဟာ သူတို့မပြောကြတဲ့ သတ္တဝါတွေကို ဆွဲဆောင်နိုင်လို့ပါတဲ့။ ဒီလိုအေးချမ်းတဲ့ရွာလေးမှာ မကောင်းတဲ့ အချက်ဆိုလို့ သူတို့ရွာဘေးက တောအုပ်ထဲက သူတို့မပြောကြတဲ့ သတ္တဝါတွေပဲရှိမယ်ထင်တယ်။ ရွာထဲက ကာလသားတွေမှာ သတ္တိပြစရာဆိုလို့ တောအုပ်ကို ကျောပေးပြီး အချိန်ဘယ်လောက်ကြာအောင် ရပ်နိုင်လဲဆိုတာကပဲ သူတို့အတွက် စိတ်လှုပ်ရှားစရာ စွန့်စားခန်းဖြစ်နေတယ်။ ရွာလေးက အေးချမ်းတယ်ဆိုပေမဲ့ ဆေးဝါးအထောက်အပံ့မရှိ တခြားမြို့ပြတွေနဲ့လည်း အဆက်အသွယ်မရှိလို့ ကုစရာဆေးဝါးမရှိတာကြောင့် လက်လွှတ်လိုက်ရတဲ့ ရွာသူရွာသားတွေ ရှိနေတာပေါ့။ တောအုပ်ကြီးထဲမှာ ဘာရယ်မပြောနိုင်တဲ့ သတ္တဝါတွေရှိနေတာကြောင့် သွားလို့ကလည်း မဖြစ်ဘူးဆိုပေမဲ့ လူတွေဆိုတာ စွန့်စားတတ် စူးစမ်းတတ်တဲ့အမျိုးပဲမဟုတ်လား။ ဒီအခက်အခဲကို ဖြေရှင်းဖို့အတွက် ကာလသားတွေထဲက သတ္တိအရှိဆုံးလူငယ်လေးတစ်ယောက်က ရွာရဲ့ကောင်းကျိုးအတွက် တောအုပ်ကိုဖြတ်ပြီး ဆေးဝါးသွားရှာဖို့ပြောလာပါတယ်။ ဒီလူငယ်လေး အောင်အောင်မြင်မြင်နဲ့ တောအုပ်ကိုဖြတ်ကျော်နိုင်ပြီး ရွာလေးရဲ့အနာဂါတ်
ဇာတ်ကားကြည့်ရန်
၂၀၁၈ ကထွက်ရှိခဲ့တဲ့ Horror/ thriller ရုပ်ရှင်ဖြစ်ပြီး ဇာတ်အိမ်တည်ထားတာက ၁၉၇၀ခု ဂျာမနီနိုင်ငံကို အခြေပြုရိုက်ထားတာဖြစ်ပါတယ်။ ၁၉၇၇ခုနှစ်က မူရင်းထွက်ရှိခဲ့တဲ့ Suspiria movieကို ပြန်လည် remakeရိုက်ကူးထားတာပဲဖြစ်ပါတယ်။ IMDb 6.8 , Rotten Tomatoes 65%နဲ့ Metacritic မှာ 64%ရထားပါတယ်။ မင်းသမီးကြီး Tilda Swintonက ထူးထူးခြားခြား သုံးကိုယ်ခွဲအထိ ပါဝင်သရုပ်ဆောင်ထားသလို Fifty Shades Trilogyမင်းသမီး Dakota Johnsonနဲ့ Carrie ရုပ်ရှင်ရဲ့မင်းသမီး Chloë Grace Moretzတို့ ပါဝင်ထား ပါတယ်။ Thriller/horror genreနဲ့လိုက်အောင်ပဲ ဒီဇာတ်ကားရဲ့Cinematography, Choreographyနဲ့ BGMတွေကခြောက်ခြား ဖွယ်ရသကို အပြည့်အဝပေးစွမ်းနေပါတယ်။ ဇာတ်လမ်းတင်ဆက်မှုက အင်မတန်ကြမ်းသလို သွေးသံရဲရဲပြကွက်တွေနဲ့ အရိုးလိမ်ချိုးခြင်း၊ ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းလိုပြကွက်တွေ၊ စုန်းကဝေနဲ့ ဘာသာရေးဆိုင်ရာ ပြကွက်ကြမ်းတွေ ပါဝင်လို့ အသည်းငယ်တတ်သူများနှင့် ရွံရှာတတ်သူများ ကြည့်ရှုဖို့ မသင့်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒါ့အပြင် 2018ထွက် ဇာတ်ကားဟောင်းဖြစ်ပေမယ့်စာဖိုင်အခက်အခဲကြောင့် ဂျာမန်စကားပြောဇာတ်ဝင်ခန်းများတွင် စာတန်းထိုးအခက်အခဲရှိသည်ကို ကြိုတင်၍ မေတ္တာရပ်ခံပါရစေ။ အမေရိကားပြည် အိုဟိုင်းယိုးကနေ ရောက်လာတဲ့ အကမယ်လေး ဆူဆန်နာ ဘန်နီယွန်ဟာ ၇၀ပြည့်နှစ် ဘာလင်မှာ အရှိန်အဝါကြီးတဲ့ ဟယ်လင်နာမားကို့စ် အကကုမ္ပဏီကို ဝင်ခဲ့ပါတယ်။ ကုမ္ပဏီကြီးဟာ သွေးရိုးတန်းရိ
ဇာတ်ကားကြည့်ရန်