ဇာတ်ကားများ ရွေးရန်

Sweetwater

2023ဇာတ်ကားအမှတ် 7.7/10119 မိနစ်

Sweetwater က ဘတ်စကတ်ဘောကစားသမား ဆွိဝါးတားကလစ်ဖ်တန်ရဲ့ ဘဝကို အခြေခံထားတဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိရုပ်ရှင်ပါ။ လီဘရွန်ဂျိမ်း၊ မိုက်ကယ်ဂျော်ဒန်တို့လို လူမည်းကစားသမားတွေ အောင်မြင်ကျော်ကြားလာတဲ့ခေတ်မတိုင်ခင် NBA မှာ လူမည်းတစ်ယောက် ဝင်ကစားခွင့်ရဖို့ ဘယ်လောက်ခက်ခဲခဲ့သလဲဆိုတာကို သူ့အကြောင်းကနေ ပြောပြထားပါတယ်။ လူဖြူတွေပဲ ကစားခွင့်ရှိသလို ဖြစ်နေတဲ့လိဂ်မှာ ဆွိဝါးတားအတွက် စာချုပ်ချုပ်ခွင့်ရဖို့နဲ့ ပွဲတစ်ပွဲ ဝင်ကစားနိုင်ဖို့က အလွယ်တကူ ဖြစ်လာတာမဟုတ်ဘူး။ နည်းပြတွေ၊ အသင်းပိုင်ရှင်တွေကအစ ဆန့်ကျင်မှုတွေကြားမှာ သူနဲ့ သူ့အတွက် ကြိုးစားပေးသူတွေ ဘယ်လိုရင်ဆိုင်ခဲ့ရသလဲဆိုတာကို တွေ့ရပါတယ်။ ကျွန်စနစ်ကို ဥပဒေနဲ့ ဖျက်သိမ်းပြီးတဲ့နောက်မှာတောင် လူမည်းတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ရှိနေသေးတဲ့ အခြေအနေကိုလည်း ဖော်ပြထားတယ်။ သူ့ရဲ့ ကြိုးစားမှုနဲ့ ဘတ်စကတ်ဘောလောကမှာ အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့ပုံကို ဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပြီး ဘဝဖြစ်ရပ်တွေကို ရုပ်ရှင်အဖြစ် ပြန်တင်ဆက်ရာမှာ ဒရာမာအတွက် အတိုးအလျှော့လုပ်ထားတဲ့ အပိုင်းတွေလည်း ရှိပါတယ်။

ဇာတ်လမ်းအကြောင်း