ဇာတ်ကားများ ရွေးရန်

Civil War

2024ဇာတ်ကားအမှတ် 7.4/10109 မိနစ်4K

A24 က ထုတ်လုပ်တဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ပထမဆုံး တရုတ်အထိပါ ရုံတင်ဖြစ်တဲ့ကားပါပဲ။ ဇာတ်လမ်းကတော့ အက်ရှင် စွန့်စားခန်း သည်းထိပ်ရင်ဖို အမျိုးအစားဖြစ်ပါတယ်။ အမေရိကန်နိုင်ငံကြီး လက်ရှိခေတ်မှာ ပြည်တွင်းစစ်ဖြစ်သွားတာကို စိတ်ကူးယဉ်ရိုက်ကူးထားတာပါ။ ဒါရိုက်တာကတော့ 28 Days Later တို့ Ex Machina တို့ရဲ့ ဖန်တီးရှင် Alex Garland ပါပဲ။ စစ်ပွဲတွေရဲ့ ဖြစ်တတ်တဲ့ သဘာဝကို အဓိက ဇာတ်ကောင် စစ်သတင်းထောက်တွေ ပတ်လည်မှာ အခြေခံပြီး ပြသထားတာပါ။ စစ်ပွဲအတွက် စည်းကမ်းတွေအများကြီးရေးခဲ့ကြပေမဲ့ တကယ်တိုက်တဲ့အခါ ဘာစည်းကမ်းမှ မရှိတော့တာမျိုးကိုလည်း ပြထားပါတယ်။ ဇာတ်လမ်းအကျဉ်း အမေရိကန် သမ္မတနဲ့အစိုးရ ဦးဆောင်တဲ့ တပ်တွေနဲ့ ခွဲထွက်ရေး အနောက်ပိုင်းတပ်တွေ ပြည်တွင်းစစ်ဖြစ်ကြပါတယ်။ ဝါရှင်တန်ဒီစီကနေ အစိုးရတပ်တွေ ဘယ်လိုအောင်ပွဲခံနေကြောင်း ဆက်တိုက်လွှင့်နေပေမဲ့ ခွဲထွက်ရေးတပ်တွေက တစ်မြို့ပြီးတစ်မြို့သိမ်းလာပြီး ရက်ပိုင်းအတွင်း မြို့တော်ဒီစီ ကျရှုံးတော့မဲ့အချိန်ကိုရောက်လာပါတယ်။ အဲဒီအချိန်မှာ စစ်သတင်းထောက် တစ်စုက သမ္မတရဲ့ နောက်ဆုံးအချိန်ကို အမိအရ သတင်းယူဖို့ ကားတစ်စီးနဲ့ ထွက်လာကြတာပါ။ တစ်လမ်းလုံးမှာ စစ်ရဲ့ အနိဌာရုံတွေတွေ့၊ တိုက်ပွဲတွေကြားထဲရောက်၊ နှစ်ဘက်တပ်တွေ စည်းမရှိကမ်းမရှိ ရက်စက်နေတာတွေကို ကျော်ဖြတ်ပြီး ဝါရှင်တန်ဒီစီကို အရောက်နှင်ကြရမှာပါ။ ငွေဈေးတွေထိုးကြပြီး ဒေါ်လာ ၃၀၀ ပေးမှ ဆန်းဝှစ်တစ်လုံးပဲ ရတာတွေ၊ ကနေဒါ ဒေါ်လာဆိုမှ တန်ဖိုးရှိတာမျိုးတွေလည်း သဘာဝကျကျ တွေ့ရပါလိမ့်မယ်။ ကျန်တာတွေကတော့ စွန့်စားခန်းတွေ တစ်ခုပြီးတစ်ခု ဖြတ်လာရတာနဲ့တူပြီး တစ်ခန်းပြီးတိုင်း တွေးစရာတစ်ခုရတာမျိုးဖြစ်အောင်လည်း ပြထားပါတယ်။ ကြည့်ဖြစ်အောင်ကြည့်ရမဲ့ ရုပ်ရှင်ထဲမှာ ပါပါတယ်။ File size…(5.6 GB)/(2.1 GB)/(1 GB ) Quality….Webrip 4K HEVC/1080p / 720p Format…mp4 Duration….01:49:00 Genre...War, Action, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson And Ka Naung Translated by Mr. Anderson

ဇာတ်လမ်းအကြောင်း