Renegades
ဒီကားလေးကလည်း ၂၀၁၇ခုနှစ်ကထွက်ထားတဲ့ ပေါ့ပေါ့ပါးပါး Action ကားလေးတစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Steven Quale ရိုက်ကူးထားတာဖြစ်ပြီး နေတိုးတပ်ဖွဲ့စစ်ခြေစိုက်စခန်းထားရှိရာ ဘော်စနီးယားနိုင်ငံ ၁၉၅၅ခုနှစ်တွင် ဇာတ်အိမ်တည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သြစတျေးလျသရုပ်ဆောင် Sullivan Stapleton ၊ ဗြိတိန်သရုပ်ဆောင်/ရုပ်ရှင်ထုတ်လုပ်သူ Charlie Bewley တို့ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အမေရိကန် Navy Seal တပ်ဖွဲ့ဝင်၅ဦးရဲ့ စွန့်စားခန်းတွေကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနှောပြီးရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၅၅ခုနှစ် ဘော်စနီးယားနယ်တဝိုက်တွင် ပြန်လည်ထူထောင်ရေး၊ နယ်မြေလုံခြုံရေးတို့အတွက် နေတိုးတပ်ဖွဲ့မှ ဝင်ရောက် အခြေစိုက်ဖြေရှင်းပေးနေချိန်မှာ အဆိုပါတပ်ဖွဲ့ဝင်၅ဦးဟာ စစ်ဆင်ရေးတစ်ခုတွင်ပွဲကြီးပွဲကောင်းနွဲခဲ့ပြီးနောက် ၃ရက်လောက် အနားပေးခံရပါတယ်။ အဲဒီအတောအတွင်း စတေတန်ရဲ့ဒေသခံကောင်မလေးကနေတဆင့် နှစ်ပေါင်း၅၀ခန့် တိမ်မြုပ်နေခဲ့တဲ့ ပြင်သစ်ကနေ နာဇီဂျာမနီတပ်ဖွဲ့တွေခိုးသွားတဲ့ ရွှေချောင်းတွေအကြောင်းကိုသိလိုက်ရပါတော့တယ်။ ဒါနဲ့ပဲ သူတို့ငါးယောက်နဲ့အတူ စတေတန်ရဲ့ကောင်မလေးတို့ပူးပေါင်းပြီး အဲဒီရွှေတွေကို ရန်သူ့နယ်မြေထဲမှာ ရှာပုံတော်ဖွင့်ကြတော့တာပါပဲ။ US Navy Seal တပ်ဖွဲ့ဝင်တွေကံကောင်းပြီး အဲဒီရွှေတွေကိုရသွားနိုင်မလား။ မှန်းချက်နဲ့ နှမ်းထွက်ကိုက်ပါ့မလားဆိုတာတော့ ဆက်လက်ရှုစားလိုက်ပါဦး။ Action ကြိုက်တဲ့သူတွေအတွက်တော့ ပေါ့ပေါ့ပါးပါး အပန်းပြေကြည့်ရှုနိုင်မည့်ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ File Size : (900 MB) Quality : WEB-DL 720p Running Time : 1hr 46min Format : Mp4 Genre :Action, Adventure, Crime Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated by Thura Zarni Aung Encoded by Thanhtike Zaw
ဇာတ်လမ်းအကြောင်း