The Cheese Sisters
နွားနို့ကနေ ချိစ်ဖြစ်လာပြီး ချိစ်ကိတ်တစ်တုံးအဖြစ် တစ်ယောက်ယောက်ရဲ့လက်ထဲ ရောက်သွားတဲ့အထိ အဆင့်ဆင့်ကို မိန်းကလေးတွေကြားက အချစ်ဇာတ်လမ်းလေးပုဒ်နဲ့ ဆက်ပြထားပါတယ်။ အရောင်၊ အနံ့၊ အရသာ မတူတဲ့ ချိစ်တွေလိုပဲ အချစ်မှာလည်း ပုံစံအမျိုးမျိုး ရှိတယ်ဆိုတဲ့ အယူအဆနဲ့ တင်ဆက်ထားတာပါ။ ဇာတ်ကောင်ပရန်ရဲ့ စကားအရတော့ ချိစ်တစ်ခုဖြစ်လာဖို့ အဆင့်ဆင့် ကြိုးစားရသလို အချစ်အတွက်လည်း အလားတူ ကြိုးစားကြရပါတယ်တဲ့။ ပထမဇာတ်လမ်းမှာ နွားခြံပိုင်ရှင်မလေး ဖန်းနဲ့ သူငယ်ချင်းဖွန်တို့က အရည်အသွေးကောင်းတဲ့ နွားနို့ရဖို့ ရုန်းကန်ကြရတယ်။ ဒုတိယဇာတ်လမ်းကတော့ ချိစ်လုပ်နည်းသင်တန်းပိုင်ရှင်ရဲ့သမီး နောင်းနဲ့ အိမ်ကအခြေအနေတွေကို မခံနိုင်တော့လို့ နောင်းတို့ရဲ့ ဧည့်ရိပ်သာဆီ ရောက်လာတဲ့ အိုင်ရင်းတို့အကြောင်းပါ။ သူတို့နှစ်ယောက်ရဲ့ လက်ရာချိစ်က ဒီအဆင့်မှာ ပါဝင်လာပါတယ်။ ချိစ်တွေကို မြို့ပေါ်ပို့ရမယ့် တတိယအဆင့်မှာတော့ ပို့ဆောင်ရေးအလုပ်လုပ်တဲ့ ပရန်နဲ့ လမ်းကြုံလိုက်လာသူ မြူတို့ရဲ့ ခရီးကို တွေ့ရမယ်။ မြူက ပရန်တစ်ချိန်က မြတ်နိုးခဲ့ရသူဖြစ်ပြီး ခရီးရှည်တစ်လျှောက်မှာ အတိတ်ကအချစ်အကြောင်းတွေ ပြန်ပေါ်လာပါတယ်။ နောက်ဆုံးဇာတ်လမ်းမှာ မယ်ဂျီက ရလာတဲ့ချိစ်ကို ချိစ်ကိတ်အဖြစ် ပြုလုပ်ရင်း အိမ်နီးချင်း ကော်ဖီဆိုင်ပိုင်ရှင်မလေး ဖတ်ကို ချစ်ရေးဆိုဖို့ ရည်ရွယ်ထားတယ်။ ဒီ GL ဇာတ်လမ်းလေးပုဒ်မှာ ထိုင်းနိုင်ငံက BNK48 နဲ့ CGM48 အဖွဲ့ဝင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း