ဇာတ်ကားများ ရွေးရန်

Confess to Your Crimes (aka) Omae no Tsumi o Jihaku Shiro

2023ဇာတ်ကားအမှတ် 5.5/10101 မိနစ်

သာယာတဲ့ ပုံမှန်​နေ့​လေးတစ်​နေ့မှာ Uda မိသားစုအ​နေနဲ့ အဖြစ်ဆိုးကြီးတစ်ခု ကြုံရပါ​တော့တယ်။ မိသားစုထဲက အငယ်ဆုံး​လေး Yuzuha ကို မတရား ပြန်​ပေးဆွဲခံရတဲ့ အ​ကြောင်းပြချက်က နိုင်ငံ​ရေးမှာ ရာထူးကြီးသူ ဖြစ်တဲ့ အဖိုးဖြစ်သူနဲ့ တိုက်ရိုက်ပတ်သက်​နေတဲ့ အခါ သူတို့ ဘာ​တွေ ဆက်လုပ်ကြမလဲ။ အမှန်တရားကို ရှာ​ဖွေချင်တဲ့ ဦး​လေးဖြစ်သူ Kouji Uda ​ရော တူမ​​လေးကို အချိန်မီ ကယ်တင်နိုင်ပါ့မလား။ အာဏာရှိသူ​တွေ ကစားကြတဲ့ နိုင်ငံ​ရေး အရှုပ်​တော်ပုံကစားပွဲ မှာ တကယ်နာကျင်ထိခိုက်ရသူ​တွေက ဘယ်သူ​တွေလဲ။ တကိုယ်ရည်စာ ချရတဲ့ ဆုံးဖြတ်ချက်​တွေက​တောင် အ​လျော်အစားကြီးမားလွန်း​နေချိန်မှာ၊ လူအများကြီးရဲ့ ဘဝကို ​ပြောင်းလဲ​စေတဲ့ ​ရွေးချယ်မှု​တွေ ကို ပြုလုပ်ရတာဟာ တကယ်ကိုပဲ တာဝန်ကြီးလွန်းတာကို တ​စေ့တ​စောင်း ပြသ​နေတဲ့ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ Yuichi Shinpo ရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာ ဖြစ်ပြီး ကြည့်ဖူး​နေကျ Crime/ Thriller ​တွေနဲ့ မတူတဲ့ ခံစားမှု တစ်ခုကို ​ပေးစွမ်းနိုင်တဲ့ ကားတစ်ကားပဲ ဖြစ်ပါတယ်။ နာမည်ကြီး ဂျပန် သရုပ်​​ဆောင်​တွေ အများအပြားပါဝင်သရုပ်​ဆောင်ထားပြီး cinematographyနဲ့ ​နောက်ခံအသံ အပြင်၊ အ​ရောင်​ရွေးချယ်မှု​တွေလည်း ​ကောင်းမွန်တာ​ကြောင့် တကားလုံးကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာပါ။ အမှန်တရား၊ မိသားစု၊ ​ဥစ္စာဓန၊ တရားမျှတမှု၊ ပြစ်မှု နှင့် ပြစ်ဒဏ် စတာ​တွေကို ​မေးခွန်းထုတ်​စေမိတဲ့ ရသစုံလင်တဲ့ Imdb 6.7ရ ရုပ်ရှင်တကားပဲ ဖြစ်ပါတယ်။ File size…(1.2 GB)/(690 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Summer Lin

ဇာတ်လမ်းအကြောင်း