When Will You Get Married?
အသက် ၃၃ နှစ်အရွယ် ဒင်ဒါဟာ ဟိုတယ်တစ်ခုလုံးကို စီမံခန့်ခွဲနေရတဲ့ ထက်မြက်တဲ့ မန်နေဂျာတစ်ယောက်ပါ။ တစ်ကိုယ်တည်းနေတဲ့ သူ့အတွက် အခက်တွေ့စေတာက အိမ်ထောင်ပြုဖို့ ဖိအားပေးနေတဲ့ မိဘနှစ်ပါးပဲ။ ရှေးရိုးစွဲတဲ့ မိဘတွေက မိန်းကလေးဆို အသက်နှစ်ဆယ်လောက်မှာ လက်ထပ်သင့်ပြီလို့ ယူဆထားကြပါတယ်။ မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲကို စီစဉ်ပေးဖို့ ဒင်ဒါ့ကို တာဝန်ပေးတဲ့အခါ အမေက ကောင်လေးတစ်ယောက်တော့ အိမ်ခေါ်လာရမယ်လို့ပါ ပြောလာတယ်။ ဒင်ဒါလည်း ချစ်သူအဖြစ် ဟန်ဆောင်ပေးမယ့်သူကို ငှားဖို့ အကြံရသွားပါတယ်။ အဲဒီအလုပ်ကို လုပ်ပေးမယ့်သူက သရုပ်ဆောင်အလုပ်ကို စိတ်အားထက်သန်တဲ့ ဆာထရီယိုပါ။ အင်ဒိုနီးရှား အချစ်ဟာသဒရာမာဖြစ်တဲ့ ဒီဇာတ်လမ်းမှာ အဖြစ်သည်းတတ်တဲ့ မိဘနှစ်ပါးနဲ့ သရုပ်ဆောင်ဝါသနာကြီးတဲ့ ဟန်ဆောင်ချစ်သူတို့ကြား ဒင်ဒါ ဘာတွေကြုံရမလဲ။ လက်မထပ်သေးဘဲ နေချင်တဲ့ သူ့ဆန္ဒကရော အောင်မြင်ပါ့မလား၊ သူ့အတွက် ပျော်ရွှင်စရာအဆုံးသတ် ဖြစ်လာမလားဆိုတာ ဆက်ကြည့်ရမှာပါ။
ဇာတ်လမ်းအကြောင်း