ဇာတ်ကားများ ရွေးရန်

White House Down

2013ဇာတ်ကားအမှတ် 6.5/10131 မိနစ်4K

White House Down (2013) (4K) (Only on Bioscope) IMDB : 6.7 Rotten Tomatoes : 52% Genre : Action / Thriller White House Down ကတော့ ၂၀၁၃ ခုနှစ်ထွက် အက်ရှင်ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ တော်တော်လေးလည်းကြည့်လို့ကောင်းပြီး အက်ရှင် / ဟာသ / ဒရာမာလို့တောင်ပြောလို့ရတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ညွှန်း ဂျွန်ကေးလ်ဟာ သမ္မတကြီးရဲ့ လျှို့ဝှက်အဖွဲ့မှာ လုပ်ချင်နေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ အဓိကကတော့ သူ့သမီးလေးရဲ့ စံပြလူသားတစ်ယောက်ဖြစ်ချင်တာကြောင့်ပါ။ ဆိုတော့ သွားလျှောက်တယ်ပေါ့။ ခက်တာက အထက်ကိုပြန်ပြော၊ အမိန့်ကိုမနာခံပဲ ဘုပြောတတ်တဲ့ နောက်ကြောင်းတွေကြောင့် ပယ်ချခံလိုက်ရပါတော့တယ်။ အိမ်ဖြူတော်ကို အလည်အပတ်သွားဖို့ လက်မှတ်နှစ်စောင်နဲ့ ဒီကိုရအောင်လာခဲ့ရတာဆိုတော့ အမြတ်ထွက်အောင် သမီးလေး အမ်မလီကေးလ်ကိုခေါ်ပြီး အိမ်ဖြူတော်ကိုလှည့်ပတ်ကြည့်ရှုခဲ့ပါတယ်။ ကေးလ်ရဲ့နေ့က အလုပ်မရလို့ဆိုးမယ်ကြံကာမှ အိမ်ဖြူတော်ကို ပြန်ပေးဆွဲတဲ့အဖွဲ့ကပါ အိမ်ဖြူတော်ထဲရောက်လာပြီး ထင်တိုင်းကြဲပါတော့တယ်။ ဒီကြားထဲ သမီးလေး အမ်မလီနဲ့လည်း လမ်းကွဲသွားကာ သမီးလေးကိုသွားရှာရင်း သမ္မတကြီးကို ကယ်တင်ဖို့အကြောင်းဖန်လာခဲ့အခါ… ဘာတွေဆက်ဖြစ်မှာလဲ ခံစားကြည့်လိုက်ကြပါ။ ကေးလ်အဖြစ် မင်းသား Channing Tatum သမ္မတ ဆောရာအဖြစ် မင်းသား Jamie Foxx ကာရိုးလ်အဖြစ် မင်းသမီး Maggie Gyllenhaal အမ်မလီအဖြစ် မင်းသမီး Joey King တို့အပြင် မျက်နှာသိတွေ တော်တော်ပါဝင်သရုပ်ဆောင်ထားတာမလို့ ကြည့်ရှုခံစားရန် Quality Update ပေးလိုက်ပါတယ်။ File size…    5 GB / 2 GB / 1 GB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 1h 14m Genre ..... Action / Thriller Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း