ဇာတ်ကားများ ရွေးရန်

State of Grace

1990ဇာတ်ကားအမှတ် 7.0/10135 မိနစ်

ရဲအရာရှိ ထယ်ရီနူနန်ဟာ မွေးရပ်မြေကနေ ထွက်သွားပြီး ဆယ်နှစ်အကြာမှာ ပြန်ရောက်လာပါတယ်။ ဒီတစ်ခေါက်မှာတော့ ငယ်စဉ်က ဆိုးတူကောင်းဖက် ပေါင်းသင်းခဲ့တဲ့ သူငယ်ချင်းနဲ့ ငယ်ချစ်ဦးရဲ့ အစ်ကိုတို့ ဦးဆောင်နေတဲ့ လူဆိုးဂိုဏ်းကို စုံစမ်းဖို့ သူလျှိုအဖြစ် ဝင်ရောက်ရတာပါ။ သူ့မျက်စိရှေ့မှာ ရင်းနှီးတဲ့သူငယ်ချင်းတွေ လုပ်ကြံသတ်ဖြတ်ခံရပြီး တရားခံတွေကို သိနေပေမယ့် ဥပဒေဘက်တော်သားဖြစ်နေတဲ့ ထယ်ရီဟာ ဥပဒေအရ လက်ပိုက်ကြည့်နေရပါတယ်။ ဥပဒေအထက်မှာ နေရာယူထားသူတွေ ရှိနေတဲ့ ဒီမြို့မှာ သူငယ်ချင်းတွေအတွက် တရားမျှတမှုကို သူ ဘယ်လိုရှာပေးမလဲဆိုတာကို Sean Penn ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီမှုခင်းအက်ရှင်ဒရာမာမှာ ဆက်ကြည့်ရမှာပါ။

ဇာတ်လမ်းအကြောင်း