ဇာတ်ကားများ ရွေးရန်

The Best Offer

2013ဇာတ်ကားအမှတ် 7.8/10131 မိနစ်

Virgil Oldman ဟာ ရှေးဟောင်းပစ္စည်းတွေကို တန်ဖိုးဖြတ်ရာမှာ ကျွမ်းကျင်တဲ့ လေလံပစ်သူတစ်ယောက်ပါ။ ငယ်သူငယ်ချင်း Billy Whistler နဲ့ ပူးပေါင်းပြီး တန်ဖိုးကြီးပန်းချီကားတွေကို ဈေးသက်သက်သာသာနဲ့ ရအောင် တစ်ဖက်လှည့် ဝယ်ယူလေ့ရှိတယ်။ အဲဒီပန်းချီကားတွေကို သူ့အိမ်ထဲက လျှို့ဝှက်ခန်းမှာ တန်ဖိုးထား သိမ်းဆည်းထားပါတယ်။ နှစ်ပေါင်းများစွာ အလုပ်ထဲမှာပဲ အချိန်ကုန်ခဲ့တဲ့ လူပျိုကြီး Oldman ဟာ အလွန်ချမ်းသာလာပေမယ့် အချစ်ကိုတော့ တစ်ခါမှ မကြုံဖူးသေးဘူး။ တစ်နေ့ Claire Ibbetson ဆိုတဲ့ အမျိုးသမီးငယ်တစ်ယောက်က သူမ အမွေရထားတဲ့ စံအိမ်ထဲက ရှေးဟောင်းပစ္စည်းတွေကို လေလံတင်ရောင်းဖို့ ဆက်သွယ်လာပါတယ်။ ထူးဆန်းတာက အချိန်အတော်ကြာတဲ့အထိ Oldman ဟာ သူမကို လူချင်းမတွေ့ရတာပါပဲ။ ဒါကြောင့်ပဲ သူမအကြောင်း ပိုစိတ်ဝင်စားလာမိတယ်။ Claire အပေါ် ခံစားနေရတာတွေကို လူငယ်မိတ်ဆွေ အင်ဂျင်နီယာ Robert ဆီမှာ သူ ရင်ဖွင့်ပါတယ်။ အချစ်ရေးမှာ အတွေ့အကြုံရှိတဲ့ Robert ရဲ့ အကြံပေးမှုနဲ့ Claire ကို တွေ့ခွင့်ရဖို့ Oldman ကြိုးစားပါတော့တယ်။

ဇာတ်လမ်းအကြောင်း