Thiruvin Kural
စကားမပြောနိုင်သလို နားအနားကပ်ပြောမှ အသံသဲ့သဲ့ကြားရတဲ့ လူငယ်တစ်ယောက်ဟာ အင်ဂျင်နီယာဘွဲ့ရထားပြီး ဖခင်နဲ့အတူ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုကို ဦးစီးကူညီနေပါတယ်။ မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်း နေရပြီး ချစ်သူနဲ့လည်း လက်ထပ်ဖို့ စီစဉ်ထားတဲ့သူပါ။ သူ့ပတ်ဝန်းကျင်က မိန်းကလေးတွေကို တစ်ယောက်ယောက် စော်ကားလာရင်တော့ လက်ပါပြီး တုံ့ပြန်တတ်တယ်။ တစ်နေ့ ဖခင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မတော်တဆမှုဖြစ်ပြီး ဆေးရုံတက်ရပါတယ်။ အဲဒီဆေးရုံမှာ ဓာတ်လှေကားစောင့်တစ်ယောက် ဦးဆောင်တဲ့ အောက်ခြေဝန်ထမ်းအဖွဲ့နဲ့ သူတို့မိသားစု ထိပ်တိုက်တွေ့ကြတော့တယ်။ အဲဒီအဖွဲ့က လူဆိုးတွေဖြစ်နေတဲ့အတွက် ဖခင်ကို ဆေးကုဖို့ ရောက်လာတဲ့ မိသားစုဟာ နောက်ထပ်အန္တရာယ်နဲ့ ရင်ဆိုင်ရပါတယ်။ ဒီလူငယ်က ဝန်ထမ်းအဖွဲ့ကို ရင်ဆိုင်အနိုင်ယူပြီး မိသားစုရဲ့ ပျော်ရွှင်မှုကို ပြန်ရယူနိုင်မလား၊ ဒါမှမဟုတ် အဲဒီလူတွေရဲ့ ယုတ်မာမှုကြောင့် သူတို့မိသားစု ပြိုကွဲသွားရမလားဆိုတာကို ဆက်ပြထားတဲ့ တမီးလ်အက်ရှင်ဒရာမာပါ။
ဇာတ်လမ်းအကြောင်း