(18+) Balik Taya
ပစ်ဟာ အလုပ်ရှာဖွေရေးအေဂျင်စီတစ်ခုရဲ့ လိမ်လည်မှုကို ခံရတဲ့အပြင် ရိုက်နှက်လုယက်ခံလိုက်ရလို့ ထိုင်းနိုင်ငံက လမ်းဘေးတစ်နေရာမှာ လဲနေခဲ့ပါတယ်။ သူ့ကို ကယ်တင်ပေးခဲ့သူကတော့ တစ်နိုင်ငံတည်းသားချင်းဖြစ်တဲ့ ဂျက်ဆီဆိုတဲ့ မိန်းကလေးပါ။ ဂျက်ဆီက သူ့ကို အစစအရာရာ ကူညီပေးပြီး အလုပ်ပါ ရှာပေးခဲ့တယ်။ ဒါပေမယ့် ပစ်တစ်ယောက် တိုင်းတစ်ပါးမှာ နေသားကျစပြုလာချိန်မှာပဲ ဂျက်ဆီဟာ သူ့ဘဝထဲကနေ ရုတ်တရက် ပျောက်သွားပါတယ်။ စိတ်သောကရောက်နေတဲ့ ပစ်လည်း ဖိလစ်ပိုင်ကို ပြန်ရောက်လာခဲ့တယ်။ အဲဒီမှာ အွန်လိုင်းလောင်းကစားအက်ပ်တစ်ခုကနေ မိန်းကလေးတစ်ယောက်ကို သူတွေ့လိုက်ရပါတယ်။ အဲဒီမိန်းကလေးရဲ့ ရင်ညွန့်ပေါ်ကအမှတ်က ဂျက်ဆီရဲ့အမှတ်နဲ့ တူနေတယ်။ သူ့အကြောင်း လိုက်စုံစမ်းရင်း ပစ်ဟာ ကြေးကြီးလောင်းကစားပွဲတွေ၊ ထိုးသတ်ပွဲတွေရှိတဲ့ မြေအောက်လောကထဲ ရောက်သွားတော့တယ်။ အဲဒီလောကရဲ့ အရှုပ်အထွေးတွေထဲ ဝင်မိသလို အဲဒီက မိန်းကလေးတွေနဲ့လည်း ငြိစွန်းပတ်သက်မိလာပါတယ်။ ဒီဇာတ်ကားမှာ Angeli Khang နဲ့ Azi Acosta တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း