The Nutcracker and The Magic Flute
ခရစ္စမတ်အကြိုညမှာ မာရီတို့အိမ်ကို သတင်းဆိုးတစ်ခု ရောက်လာပါတယ်။ ကွယ်လွန်သွားတဲ့ မာရီရဲ့အဖေက မစ္စတာရက်တာဆီမှာ ဒေါ်လာတစ်သိန်း အကြွေးတင်နေခဲ့တာပါ။ အကြွေးမဆပ်နိုင်ရင် မာရီက သူ့ဇနီးဖြစ်ရမယ်လို့ မစ္စတာရက်တာက ပြောလာတယ်။ သူနဲ့လက်ထပ်ဖို့ စဉ်းစားစေချင်တာကြောင့် နော့ခရက်ကာဆိုတဲ့ အရုပ်လေးတစ်ရုပ်ကိုလည်း မာရီ့ကို လက်ဆောင်ပေးခဲ့ပါတယ်။ ဒီသတင်းကြောင့် စိတ်ပျက်ဝမ်းနည်းသွားတဲ့ မာရီဟာ အပူအပင်ကင်းခဲ့တဲ့ ကလေးဘဝကို ပြန်တမ်းတရင်း သီချင်းတစ်ပုဒ် ညည်းဆိုလိုက်တယ်။ သီချင်းဆိုပြီးတာနဲ့ မှော်ပညာတစ်ခု အသက်ဝင်လာပြီး မာရီရဲ့ကိုယ်က အလွန်သေးငယ်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့အရုပ်တွေနဲ့ နော့ခရက်ကာလည်း အသက်ဝင်လာကြတယ်။ မာရီ့ကို နဂိုအတိုင်း ပြန်ဖြစ်အောင် ကြိုးစားကြရင်း နော့ခရက်ကာဟာ ကျိန်စာကြောင့် အရုပ်ဖြစ်သွားတဲ့ မင်းသားဂျော့ချ်မှန်း သိလာကြပါတယ်။ မာရီ၊ မင်းသားဂျော့ချ်နဲ့ အရုပ်လေးတွေဟာ ကျိန်စာပြယ်ဖို့ နည်းလမ်းရှာကြရတော့တယ်။ သူတို့ရဲ့ မှော်ဆန်တဲ့အဖြစ်အပျက်တွေကို ဟာသနဲ့ အချစ်ဇာတ်လမ်း ရောစပ်ထားတဲ့ မိသားစုကြည့် ကာတွန်းဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း