ဇာတ်ကားများ ရွေးရန်

Begum Jaan

2017ဇာတ်ကားအမှတ် 6.0/10128 မိနစ်

ဒီတစ်ခါတော့ ဘောလီဝုဒ်ဖန်တွေအတွက် ၂၀၁၇ထွက် အလန်းစား တစ်ကားကို တင်ဆက်ပေးထားပါတယ်။ #ဒီဇာတ်ကားက အက်ရှင်ဇာတ်ကား တစ်ကား မဟုတ်ပါဘူး #ဒီဇာတ်ကားက အနုအရွလေးတွေပါတဲ့ ဒရာမာကား တစ်ကား မဟုတ်ပါဘူး။ #နှစ်ချို့ဝိုင်လို စူးရှရှ ခပ်ပြင်းပြင်းနဲ့ တကယ့် အနှစ်တွေပါတဲ့ ဇာတ်ကားတစ်ကားပါ (ဝိုင်ဘယ်လို အရသာရှိလဲ မသိဘူးနော် :p) ဒီဇာတ်ကားဟာ ၁၉၄၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်တစ်ခုကို အခြေခံရိုက်ကူးထားတာပါ။ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယကို အုပ်ချူပ်နေတဲ့ ဗြိတိသျှနောက်ဆုံး ဘုရင်ခံဟာ အိန္ဒိယ နိုင်ငံကြီးကို အိန္ဒိယ-ပါကစ္စတန် ဆိုပြီး နှစ်နိုင်ကွဲထွက်သွားအောင် နှစ်ခြမ်းခွဲခဲ့ပါတယ်။ နိုင်ငံ တစ်နိုင်ငံကနေ အစစအရာရာဟာ နှစ်ပိုင်းဖြစ်ပြီး နယ်စပ်မျဉ်း နှစ်ကြောင်းရေးဆွဲကာ သံဆူးကြိုးတွေကာရံခဲ့ပါတယ်။ အရာရာကို နှစ်ခြမ်းခွဲခဲ့ပေမယ့် နယ်စပ်မျဉ်း နှစ်ကြောင်းလုံးပေါ်မှာ တည်ရှိနေတဲ့ အိမ်တစ်ခု ရှိနေပါတယ် အဲ့ဒါကတော့ #ဘေဂွန်ဂျမ်းရဲ့ ဆောင်ကြာမြိုင်ပါပဲ။ #ဘေဂွန်ဂျမ်းဆိုတာ ငယ်ဘဝကတည်းက ဒုက္ခကို မိတ်ဖွဲ့ပြီး ဘဝကို ဒေါင်ကျကျပြားကျကျ ဒူပေဒဏ်ပေခံလာသူ တစ်ယောက်။ #ဘေဂွန်ဂျမ်းဆိုတာ သတို့သမီးဘဝနဲ့ မွေးရပ်မြေက စွန့်ခွာသွားခဲ့ရပေမယ့် ကံကြမ္မာဆိုးကြောင့် ပြည်တန်ဆာခေါင်း တစ်ယောက်အဖြစ်နဲ့ ဇာတိကို ပြန်လာခဲ့ရသူတစ်ယောက်။ #ဘေဂွန်ဂျမ်းဆိုတာ ဥပဒေက သူ့ကို ပြန်ကြောက်နေရတဲ့သူ တစ်ယောက်။ #ဘေဂွန်ဂျမ်းဆိုတာ ဘုရင်ကိုယ်တိုင်က ကောင်းချီးပေးထားရသူ တစ်ယောက်။ အဲ့ဒီလို ဘေဂွန်ဂျမ်းလို လူမျိုးရဲ့ ဆောင်ကြာမြိုင်ဟာ နယ်စပ် စစ်ဆေးရေးဂိတ်တွေ ဆောက်လုပ်မှာမို့ မဖြစ်မနေ နှစ်ခြမ်းခွဲမှကို ဖြစ်လာတဲ့အခါ ဘေဂွန်ဂျမ်းနဲ့ ပြည်တန်ဆာ ၁၁ယောက် ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကတော့ ......... ( ဇာတ်လမ်းကတော့ Age Rating က 15+လို့တော့ ပြောထားပေမယ့် ဇာတ်လမ်းထဲမှာ အသုံးအနှုန်းတွေ ကြမ်းပါတယ် တချို့ဇာတ်ဝင်ခန်းတွေ လန်းပါတယ် မိသားစုနဲ့ ကြည့်ဖို့ ကိုယ်တိုင်အရင်ကြည့်ပြီးမှ ဆုံးဖြတ်ကြပါလို့ ???? ) (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်ကတော့ ကွီးဇော်ထူး ပါ) File Size : 850 MB Quality : HDRip720p Running Time : 2hr 8minutes Format : Mp4 Genre : Action, Drama Translator : Zaw Htoo Encoder :Thanhtike Zaw

ဇာတ်လမ်းအကြောင်း