ဇာတ်ကားများ ရွေးရန်

Rupture

2016ဇာတ်ကားအမှတ် 4.9/10102 မိနစ်

ရနေးဟာ အိမ်ထောင်ကွာရှင်းထားတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သားဖြစ်သူ အဲဗန်နဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေပါတယ်။ ဒါပေမယ့် သူတို့မသိဘဲ အမည်မသိလူတစ်စုက သူတို့မိသားစုကို အချိန်အတော်ကြာ တိတ်တဆိတ် စောင့်ကြည့်နေခဲ့တယ်။ တစ်နေ့မှာ ရနေးက သားကို ခင်ပွန်းဟောင်းဆီ သွားအပ်ပြီး လေထီးခုန်ဖို့ ထွက်လာပါတယ်။ လမ်းမှာ ကားဘီးပေါက်သွားတဲ့အခါ လူတစ်ယောက်က ကူညီပေးသလိုနဲ့ သူ့ကို ဖမ်းခေါ်သွားတယ်။ ဘယ်နေရာမှန်းမသိတဲ့ အဆောက်အဦးတစ်ခုဆီ ရောက်သွားပြီး အဲဒီလူတစ်စုရဲ့ စမ်းသပ်မှုတွေကို ခံရတော့တာပါ။ သူတို့က ဘယ်သူတွေလဲ၊ ရနေးကို ဘယ်လိုစမ်းသပ်မှုတွေ လုပ်နေကြတာလဲ၊ ဘာရည်ရွယ်ချက်နဲ့ လုပ်ကြတာလဲဆိုတဲ့ မေးခွန်းတွေကနေ ဆက်သွားတဲ့ သိပ္ပံစိတ်ကူးယဉ် ထိတ်လန့်သည်းဖိုဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း