The Best Man
သူဌေးကြီးတစ်ဦးရဲ့သမီး ပြန်ပေးဆွဲခံရတဲ့အခါ သူ့ကိုပြန်ကယ်ဖို့ တပ်ဖွဲ့တစ်ဖွဲ့ကို ငှားရမ်းလိုက်ပါတယ်။ ကယ်ဆယ်ရေးမှာ အဖွဲ့သားတချို့ကို ဆုံးရှုံးခဲ့ရပေမယ့် သူဌေးသမီးကိုတော့ ပြန်ခေါ်လာနိုင်ခဲ့တယ်။ အချိန်တစ်ခုကြာလာတဲ့နောက် သူဌေးသမီးနဲ့ သူ့ကိုကယ်ခဲ့တဲ့အဖွဲ့ထဲက အသက်ရှင်ကျန်ရစ်သူတစ်ယောက်တို့ ချစ်သူတွေဖြစ်သွားပြီး လက်ထပ်ဖို့ စီစဉ်ကြပါတယ်။ မင်္ဂလာပွဲအတွက် ဟိုတယ်ကြီးတစ်ခုလုံးကို အပြတ်ငှားထားပေမယ့် ပွဲကျင်းပရာကို အကြမ်းဖက်သမားတွေ ဝင်စီးလာကြတယ်။ အရင်က ကယ်ဆယ်ရေးမှာ အသက်ရှင်ကျန်ခဲ့တဲ့ အဖွဲ့သားတွေဟာ ဒီတစ်ခါ မင်္ဂလာပွဲမှာပဲ အကြမ်းဖက်သမားတွေနဲ့ အပြန်အလှန် တိုက်ခိုက်ကြရတော့ပါတယ်။
ဇာတ်လမ်းအကြောင်း