The Pregnancy Promise
အထက်တန်းကျောင်းသူ စကိုင်းရဲ့မိဘတွေက သူ့ကို အတော်လေး ချုပ်ချယ်ကြပါတယ်။ ပါတီမသွားရ၊ ရည်းစားမထားရ၊ မိတ်ကပ်မလိမ်းရတဲ့အပြင် သူတို့ဝယ်ပေးတဲ့ အဝတ်အစားတွေပဲ ဝတ်ရတယ်။ စကိုင်းကလည်း မိဘစကားနားထောင်သူမို့ တက္ကသိုလ်ရောက်ရင်တောင် ကိုယ်ဝါသနာပါတဲ့ ပန်းချီအစား မိဘတွေရွေးပေးတဲ့ ဗိသုကာကို သင်ဖို့ လက်ခံထားပါတယ်။ အရင်းနှီးဆုံးသူငယ်ချင်း လူစီကတော့ စကိုင်းရဲ့အဲဒီပုံစံကို အားမရဘူး။ အထက်တန်းမပြီးခင် ကျောင်းသူဘဝကို ပျော်ပျော်နေကြဖို့ဆိုပြီး လူစီက စကိုင်းကို ပါတီတစ်ခုဆီ ခိုးခေါ်သွားလိုက်တယ်။ အဲဒီနောက် စကိုင်းမှာ ချစ်သူရသွားပြီး ချစ်သူနဲ့ပဲ အချိန်ကုန်နေလို့ လူစီ့ကို အဖော်မလုပ်ဖြစ်တော့ပါဘူး။ တစ်ယောက်တည်းကျန်ခဲ့တဲ့ လူစီကလည်း စကိုင်းရဲ့အစ်ကိုနဲ့ အနေနီးလာပြီး တွဲဖြစ်သွားပါတယ်။ နောက်တော့ စကိုင်းနဲ့ လူစီ နှစ်ယောက်စလုံး တစ်ချိန်တည်းမှာ ကိုယ်ဝန်ရှိလာကြတယ်။ မိဘတွေက သူငယ်ချင်းနှစ်ယောက် တမင်တိုင်ပင်ပြီး ကိုယ်ဝန်ပြိုင်တူရအောင် လုပ်ခဲ့ကြတာလားလို့ မသင်္ကာကြပါဘူး။ ဒီကိစ္စနဲ့ စိတ်ရှုပ်နေကြချိန်မှာပဲ စကိုင်းရဲ့မိဘတွေဆီ ခြိမ်းခြောက်စာတွေ ရောက်လာပြီး စီးပွားပျက်လုနီးပါးအထိ နှောင့်ယှက်ခံရတော့တယ်။ ဘယ်သူက စကိုင်းတို့မိသားစုကို ပစ်မှတ်ထားနေတာလဲ၊ ဘာကြောင့်လဲ၊ သူငယ်ချင်းနှစ်ယောက်ကရော ဒီအခြေအနေတွေကို ဘယ်လိုဖြတ်သန်းကြရမလဲဆိုတာ ဆက်ကြည့်ရမှာပါ။
ဇာတ်လမ်းအကြောင်း