Royalteen: Princess Margrethe
နော်ဝေးနိုင်ငံက မင်းသမီးလေး မာဂရက်သီဟာ ဆယ်ကျော်သက်တစ်ယောက်ပေမယ့် တော်ဝင်မိသားစုမှာ မွေးဖွားလာတဲ့အတွက် သူများတွေလို လွတ်လွတ်လပ်လပ် နေလို့မရပါဘူး။ လူထုရှေ့မှာ ကိုယ့်အပြုအမူကို အမြဲစောင့်ထိန်းနေရပြီး မိသားစုရေးကိစ္စတွေအပြင် ဆယ်ကျော်သက်အရွယ်ရဲ့ ပြဿနာတွေကိုလည်း ရင်ဆိုင်နေရတယ်။ လူမမြင်တဲ့နေရာမှာ ပြောစကားနားမထောင်ဘဲ အရက်သောက်၊ ဆေးသုံးနေချိန်တွေမှာတော့ သူ့အတွက် လွတ်လပ်မှုရသလို ခံစားရပါတယ်။ တစ်နေ့မှာ သူငယ်ချင်းဖြစ်သူ ဂူ့စတက်က မာဂရက်သီ ဆေးသုံးနေတဲ့ပုံကို ဗီဒီယိုရိုက်သွားတယ်။ ဖျက်ပေးဖို့ ပြောပေမယ့် ဂူ့စတက်ဆီက ရေရာတဲ့အဖြေ မရပါဘူး။ ဒီဗီဒီယိုအတွက် စိတ်ပူနေရချိန်မှာပဲ ဒိန်းမတ်နိုင်ငံက မင်းသားလေး အလက်ဇန်းဒါးဟာ သူနဲ့တွေ့ဆုံဖို့ ရောက်လာပါတယ်။ မာဂရက်သီတစ်ယောက် ဒီကိစ္စကို မပေါက်ကြားအောင် ဖြေရှင်းနိုင်မလား၊ ကြုံလာတဲ့အကြပ်အတည်းကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ဆက်ထားတဲ့ ဒရာမာအချစ်ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း