ဇာတ်ကားများ ရွေးရန်

Tetris

2023ဇာတ်ကားအမှတ် 7.8/10118 မိနစ်

လူအများ ရင်းနှီးပြီးသား တက်ထရစ်ဂိမ်း ကမ္ဘာတစ်ဝန်း လူသိများလာဖို့ နောက်ကွယ်မှာ မူပိုင်ခွင့်အတွက် အပြိုင်အဆိုင် ကြိုးစားခဲ့ကြတဲ့အကြောင်းကို စစ်အေးတိုက်ပွဲကာလ နောက်ခံနဲ့ ရိုက်ထားတာပါ။ ဂိမ်းမူပိုင်ခွင့်ကို ကုမ္ပဏီကြီးတွေ အပြိုင်လိုချင်နေကြပေမယ့် ဂိမ်းတီထွင်သူက ရုရှားမှာ ရှိနေတဲ့အတွက် စီးပွားရေးသဘောတူညီချက်တစ်ခု လုပ်ရုံနဲ့ မပြီးပါဘူး။ KGB ထောက်လှမ်းရေးတွေအထိ ပါဝင်ပတ်သက်လာပြီး မော်စကိုက မူပိုင်ခွင့်အရောင်းအဝယ်ဟာ သူလျှိုဇာတ်လမ်းတစ်ပုဒ်လို ရှုပ်ထွေးလာပါတယ်။ ဇာတ်လမ်းထဲမှာ ဂိမ်းတီထွင်သူကိုယ်တိုင်က မူပိုင်ခွင့်နဲ့ ဝင်ငွေကို မပိုင်ဆိုင်ဘဲ အဲဒီငွေကို အစိုးရကသာ ရမှာဖြစ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခါနီး အကျင့်ပျက်ခြစားမှုတွေကြားမှာ နိုင်ငံအတွက်ရမယ့်ငွေကို ကိုယ့်အိတ်ထဲ ထည့်ချင်တဲ့ ခေါင်းဆောင်တွေလည်း ရှိနေတယ်။ လာဘ်ယူပြီး ဈေးနှိမ်ဝယ်ချင်တဲ့ ကုမ္ပဏီဘက်ကို လိုက်ပေးသူတွေနဲ့ လူလည်စီးပွားရေးသမားတွေကြားမှာ တက်ထရစ်မူပိုင်ခွင့်အတွက် အားပြိုင်ကြရတာပါ။ ဖြစ်ရပ်မှန်နောက်ခံကို သည်းထိတ်ရင်ဖိုပုံစံနဲ့ တင်ဆက်ထားပြီး Jon S. Baird က ရိုက်ကူးထားပါတယ်။ Taron Egerton အဓိကပါဝင်သရုပ်ဆောင်ထားကာ Matthew Vaughn က ပရိုဂျူဆာအဖြစ် ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း