ဇာတ်ကားများ ရွေးရန်

Paappan

2022ဇာတ်ကားအမှတ် 6.6/10162 မိနစ်

တောနက်တစ်နေရာမှာ အိတ်ထဲထည့်ပြီး ဆွဲထားတဲ့ အလောင်းတစ်လောင်းကို တွေ့ရှိရာက ဇာတ်လမ်းစပါတယ်။ ဒီအမှုကို ရဲအရာရှိ ဗင်ဆီအေဗရာဟမ်က တာဝန်ယူ စုံစမ်းရတာပါ။ အလောင်းအနီးမှာ နာမည်ကြီးမင်းသားတစ်ယောက်ရဲ့ ကားနဲ့ ဖုန်းတွေကို တွေ့ရတော့ အစပိုင်းမှာ မင်းသား အသတ်ခံရတဲ့အမှုလို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် စုံစမ်းရင်း မထင်မှတ်ဘဲ ကွင်းဆက်လူသတ်မှုတစ်ခု ဖြစ်နေမှန်း သိလာရပါတယ်။ အန္တရာယ်များပြီး ဖမ်းဆီးဖို့ခက်တဲ့ လူသတ်သမားကို လိုက်ရှာနေရတဲ့ ဒီအမှုဟာ ဗင်ဆီနဲ့တင် ရပ်မနေတော့ဘဲ ရဲဟောင်းဖြစ်တဲ့ သူ့အဖေ မစ္စတာအေဗရာဟမ်ရဲ့ အတိတ်နဲ့ပါ ပတ်သက်လာပါတယ်။

ဇာတ်လမ်းအကြောင်း