ဇာတ်ကားများ ရွေးရန်

Ben 10 vs. the Universe: The Movie

2020ဇာတ်ကားအမှတ် 7.5/1070 မိနစ်

Ben 10 Versus the Universe: The Movie (2020) IMDb Rating - 6.0/10 Ben 10ကိုဆိုမသိတဲ့လူမရှိလောက်ပါဘူးနော် အခုကားလေးကတော့Ben 10နဲ့ အာကာသထဲက ဂြိုဟ်သားတွေရဲ့တိုက်ပွဲရယ် Ben 10ရဲ့နာရီလေးဘယ်လိုဖြစ်လာလဲရဲ့ နောက်ကြောင်းတွေရယ် ကြားထဲကဆက်စပ်မှုတွေအကြောင်းပါ။ ဘန်တို့ရဲ့ကမ္ဘာဂြိုဟ်ဆီကိုဥက္ကာခဲတစ်ခုဦးတည်လာနေတာကို သိပ္ပံပညာရှင်ကြီးဖေလ်ကတစ်ဆင့်သိခဲ့ရပါတယ်။ ကမ္ဘာပေါ်ကသာမန်လူဆိုးတွေလောက်ကိုဖမ်းရတာ ပျင်းနေတဲ့ဘန်ကအာကာသထဲထိသွားပြီး ဥက္ကာခဲကိုလမ်းကြောင်းလွဲအောင်တိုက်ထုတ်ပစ်လိုက်ဖို့စိတ် အားထက်သန်နေပါတယ်။ ဒီစွန့်စားခန်းမှာအရေးကြီးတာကဘန့်ရဲ့နာရီရယ် သုံးတတ်ရင်သုံးတတ်သလို အစွမ်းထက်တဲ့ နာရီသော့ရယ်ပဲဖြစ်ပါတယ်။ အမှန်တော့လာနေတဲ့ဥက္ကာခဲဆိုတာဂြိုဟ်သားရာဇဝတ်ကောင် ကြီးရဲ့ယာဉ်ပျံပါပဲ သူကဘန့်ရဲ့နာရီသော့ကိုလိုချင်လို့ကမ္ဘာထိလိုက်လာပေမယ့်။ ဘန်ကတော့အာကာသထဲကို ရောက်ပြီးကမ္ဘာနဲ့ အဆက်အသွယ်၊ အထိန်းအချုပ်မဲ့သွားချိန်မှာ နာရီကိုစတီထွင်ခဲ့တဲ့ ဂြိုဟ်သားသိပ္ပံပညာရှင်ကြီးနဲ့တွေ့ခဲ့ပါတယ်။ ထိုသိပ္ပံပညာရှင်ကြီးရဲ့အကြံဉာဏ်တွေအကူအညီတွေနဲ့ ဘန်ဟာကမ္ဘာကို ကယ်တင်တဲ့ရင်တမမကြည့်ရမယ့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ပဲဖြစ်ပါတယ်။) Quality –  720p WebRip Duration - 1hr 12min Subtitle – Myanmar Hardsub Format – Mp4 Genre : Animation, Action, Adventure Source : 1080p. WebRip Translator – Hnin Wut Yi Encoder – SWM

ဇာတ်လမ်းအကြောင်း