Black Girl Missing
ဘလူးဗယ်လ်လီ အထက်တန်းကျောင်းရဲ့ ဒုကျောင်းအုပ်ဖြစ်တဲ့ လူမည်းမိခင်တစ်ယောက်ဟာ ခင်ပွန်းဆုံးသွားပြီးနောက် သမီးနှစ်ယောက်နဲ့အတူ ဘဝကို အသစ်ပြန်စဖို့ ဘလူးဗယ်လ်လီကို ပြောင်းလာခဲ့ပါတယ်။ တစ်နေ့မှာ အသက် ၁၈ နှစ်အရွယ် သမီးကြီး လော်ရန် ပိတ်ရက်အိမ်ပြန်လာရင်း သားအမိ စကားများကြတယ်။ လော်ရန် ထွက်သွားတော့ စိတ်ဆိုးပြီး ကောလိပ်ကို ပြန်သွားတာပဲလို့ မိခင်က ထင်နေခဲ့ပါတယ်။ အချိန်ကြာလာတဲ့အထိ စကားမပြောဖြစ်ဘဲ ဖုန်းဆက်လို့လည်း မရ၊ စာပို့လို့လည်း အကြောင်းမပြန်တော့ ဟိုဟိုဒီဒီ စုံစမ်းကြည့်မှ သမီး ပျောက်နေပြီဆိုတာ သိလိုက်ရတယ်။ ရဲကို အကြောင်းကြားပေမယ့် ကိုယ့်သဘောနဲ့ ထွက်ပြေးသွားတာလို့ပဲ ယူဆပြီး သေချာစုံစမ်းမပေးကြပါဘူး။ သတင်းထောက်တွေကို အကူအညီတောင်းတော့လည်း စိတ်ဝင်စားစရာ မရှိဘူးဆိုပြီး လျစ်လျူရှုကြပါတယ်။ အဲဒီအချိန်မှာ ဂျက်စီကာရူဆိုဆိုတဲ့ လူဖြူမိန်းကလေးတစ်ယောက်လည်း ပျောက်ဆုံးနေတယ်။ သူ့အတွက်တော့ ရဲတွေနဲ့ စေတနာ့ဝန်ထမ်းတွေ အသည်းအသန် ရှာပေးနေကြသလို သတင်းချန်နယ်တွေကလည်း အဆက်မပြတ် ဖော်ပြပေးနေကြပါတယ်။ လော်ရန်အတွက် အလားတူ အကူအညီမရတဲ့အခါ မိခင်နဲ့ သမီးငယ် မာလီတို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ လိုက်ရှာဖို့ ကြိုးစားကြရတယ်။ လော်ရန်ကို ရှာတွေ့နိုင်မလား၊ သူတို့ကို ဘယ်သူတွေ ကူညီပေးမလဲ၊ ကြုံခဲ့ရတဲ့ မတရားမှုတွေအတွက် တရားမျှတမှု ရနိုင်မလားဆိုတဲ့ မေးခွန်းတွေနဲ့အတူ သားအမိနှစ်ယောက် ရှာဖွေကြရပါတယ်။
ဇာတ်လမ်းအကြောင်း