Even if This Love Disappears from the World Tonight
Toru ဟာ သူငယ်ချင်း အနိုင်ကျင့်ခံနေရတာကနေ ကယ်တင်ပေးဖို့ အတန်းဖော်ကောင်မလေး Hino ကို ချစ်ကြိုက်နေကြောင်း ဟန်ဆောင်ဖွင့်ပြောခဲ့ရပါတယ်။ Hino ကလည်း သူ့ကို ရည်းစားအဖြစ် လက်ခံလိုက်ပေမယ့် လိုက်နာရမယ့် စည်းကမ်းသုံးချက် သတ်မှတ်ပေးတယ်။ အဲဒီထဲက တစ်ချက်ကတော့ တကယ်ချစ်သွားလို့ မရဘူးဆိုတာပါပဲ။ Hino မှာလည်း သူ့အခက်အခဲနဲ့သူ ရှိနေပါတယ်။ ကားမတော်တဆမှုတစ်ခုကြောင့် မှတ်ဉာဏ်အသစ်တွေကို မထိန်းသိမ်းနိုင်တော့ဘဲ အိပ်ပျော်သွားတာနဲ့ အဲဒီနေ့က မှတ်ဉာဏ်တွေ ပျောက်သွားတတ်သူပါ။ ဒီလိုအခြေအနေမှာ သူတို့နှစ်ယောက်ရဲ့ ဟန်ဆောင်အချစ်ရေး စတင်လာပါတယ်။ ၂၀၁၆ ခုနှစ်က Tomorrow I Will Date With Yesterday’s You ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတစ်ဦးတည်းရဲ့ လက်ရာဖြစ်ပြီး ကြည်နူးမှုနဲ့ လွမ်းဆွေးမှု ရောယှက်နေတဲ့ အချစ်ဇာတ်လမ်းပါ။
ဇာတ်လမ်းအကြောင်း