ဇာတ်ကားများ ရွေးရန်

Suite Française

2015ဇာတ်ကားအမှတ် 7.3/10103 မိနစ်

Suite Française ဟာ စစ်အတွင်းမှာ ရန်သူဘက်အသီးသီးက ဖြစ်နေကြပြီး တာဝန်ဝတ္တရားတွေကြား ခြားနားနေတဲ့ ချစ်သူနှစ်ဦးအကြောင်းကို ရိုက်ကူးထားတဲ့ အချစ်စစ်ကားပါ။ အချစ်နဲ့အမုန်း ရောထွေးနေတဲ့ကြားက တစ်ယောက်အပေါ်တစ်ယောက် စိတ်တိမ်းညွှတ်လာမှုတွေကို အခြေခံထားပါတယ်။ ဒီရုပ်ရှင်ဖြစ်လာဖို့ မူရင်းဝတ္ထု ဖြတ်သန်းခဲ့ရတဲ့ခရီးကလည်း ရှည်လျားခဲ့တယ်။ စာရေးဆရာမ Irène Némirovsky ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဒီဝတ္ထုကို ရေးသားခဲ့ပေမဲ့ ၂၀၀၄ ခုနှစ်ရောက်မှ ထုတ်ဝေနိုင်ခဲ့တာပါ။ ဂျူးလူမျိုးဖြစ်တဲ့ သူမကို ၁၉၄၂ ခုနှစ်မှာ ဂျာမန်တပ်တွေက ဖမ်းဆီးခဲ့ပြီး Auschwitz ချွေးတပ်စခန်းမှာ တခြားဂျူးလူမျိုးတွေနဲ့အတူ သတ်ဖြတ်ခဲ့ကြပါတယ်။ နှစ်ပေါင်း ၆၀ လောက်ကြာမှ သမီးဖြစ်သူက မိခင်ရဲ့မှတ်စုစာအုပ်ထဲမှာ ရေးထားတဲ့ ဝတ္ထုနှစ်ပုဒ်ကို တွေ့ရှိခဲ့တယ်။ အဲဒီနှစ်ပုဒ်ကို ပေါင်းစည်းရာက Suite Française ဆိုတဲ့ ဝတ္ထုဖြစ်လာပြီး နောက်ပိုင်းမှာ ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့တာပါ။ စာရေးဆရာမက မူလမှာ အပိုင်းငါးပိုင်းအဖြစ် ရေးဖို့ မှတ်စုတွေ ပြုစုထားခဲ့ပေမဲ့ နှစ်ပိုင်းကိုသာ အချောသတ်နိုင်ခဲ့တယ်။ ကျန်သုံးပိုင်းကတော့ သူမရဲ့မှတ်စုစာအုပ်ထဲက မှတ်တမ်းတွေအဖြစ်ပဲ ကျန်ရစ်ခဲ့ပါတယ်။

ဇာတ်လမ်းအကြောင်း