ဇာတ်ကားများ ရွေးရန်

Dounia and the Princess of Aleppo

2023ဇာတ်ကားအမှတ် 7.5/1072 မိနစ်

ကိုယ့်​မွေးရပ်​မြေမှာ ​နေထိုင်ဖို့ရာ မဖြစ်နိုင်​တော့လို့ နိုင်ငံကို အပြီးတိုင်စွန့်ခွာကြရတာ ဝမ်းနည်းစရာ​ကောင်းလွန်းပါတယ်။ ဆီးရီယား နိုင်ငံ ပရိပက္ခ​တွေကြား ​မွေးဖွားလာတဲ့ Dounia ​​​​လေးဟာ တ​​နေ့မှာ​တော့ လှပလွန်းတဲ့ သူမရဲ့ ​မွေးရပ်​မြေ Aleppoမြို့ ကို စွန့်ခွာဖို့ဖြစ်လာပါ​တော့တယ်။ ကံ​ကောင်း​စေတဲ့ Barake စေ့​လေး​တွေကို လက်ထဲဆုပ်လို့၊ ကမ်းမမြင် လမ်းမမြင် ခရီးကြမ်းကို သူတို့ ​မြေးအဖွားတစ်စု ​လျှောက်ရပါ​တော့မယ်။ Dounia ​လေး အိမ်အသစ်ကိုရှာ​တွေ့ပါ့မလား။ တခြား​သော Dounia ​လေး​လို က​လေး​လေးတွေ​ရော ဘယ်နှ​ယောက်​တောင်ရှိ​နေဦးမလဲ။ Syriaနိုင်ငံ Aleppoမြို့ဇာတိဖြစ်တဲ့ ဇာတ်လမ်းဖန်တီးသူ Marya Zarif အတွက် Dounia et la princesse d'Alep ဟာ သူမရဲ့ ဘဝတစိတ်တပိုင်းဆိုလည်း မမှားပါဘူး။ ဆီးရီးယန်း ရိုးရာ ယုံတမ်းပုံပြင်​တွေ၊ ရိုးရာ အစားအ​သောက်​​တွေ၊ ယဥ်​ကျေးမှု​တွေ၊ ယုံကြည်သက်ဝင်မှု​တွေကို ချစ်စဖွယ် ပုံ​ဖော်ဆွဲသားမှုများနှင့် မြိုင်မြိုင်ဆိုင်ဆိုင် မြင်​တွေ့ရမှာပါ။ နက်ရှိုင်းတဲ့ မိသားစုချစ်ခြင်း​မေတ္တာ​တွေ၊ ချစ်​သောသူများ၊ ​နေရပ်ဌာ​နေနှင့် ခွဲခွာရခြင်း ပဋိ​ဒေဝ​၊ ​ရွှေ့​​ပြောင်းဒုက္ခသည်​တွေရဲ့ ​ဝေဒနာ​တွေကို လှပ​သေသပ်စွာ ဖန်တီးပုံ​ဖော်ထားတဲ့ ပြင်သစ်စကား​ပြော animated ရုပ်ရှင်တကားပဲဖြစ်ပါတယ်။ File size…(1 GB)/(520 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:12:00 Genre... Animation, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Summer Lin

ဇာတ်လမ်းအကြောင်း