Love Is Blind, Hate Too
စာရေးဆရာမ အားပေါင်နဲ့ ဆရာဝန်ယန်ယောက်ဟွာတို့ဟာ သူများတွေ အားကျရလောက်အောင် ချစ်ခင်ကြင်နာကြတဲ့ လင်မယားပါ။ ကားမတော်တဆမှုတစ်ခုကြောင့် အားပေါင် မျက်စိနှစ်ဖက်လုံး အမြင်ကွယ်သွားပြီးနောက်မှာလည်း ယန်ယောက်ဟွာက ဇနီးကို အရင်ထက်တောင် ပိုချစ်ပေးခဲ့တယ်။ တစ်နေ့မှာတော့ ဆရာဝန်ယန်က အလုပ်ကိစ္စနဲ့ ခရီးထွက်ရလို့ အားပေါင်ကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ရပါတယ်။ သူမရှိတဲ့အချိန်မှာ ကျန့်ဝမ်တီဆိုတဲ့ အမျိုးသားတစ်ယောက် အိမ်ကိုရောက်လာပြီး အားပေါင်ကို အနိုင်ကျင့်တော့တယ်။ အမြင်အာရုံမရှိသလို အနားမှာ ခင်ပွန်းလည်း မရှိတဲ့ အားပေါင်ဟာ ဒီအကြုံဆိုးကို တစ်ယောက်တည်း ရင်ဆိုင်ရပြီ။ အားပေါင် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ။ ကျန့်ဝမ်တီကရော ဘယ်လိုအငြိုးအတေးတွေကြောင့် ဒီလိုကြံစည်ခဲ့တာလဲ။ လျှို့ဝှက်ချက်တွေရှိနေတဲ့ သူတို့ဆက်ဆံရေးတွေကြားမှာ တကယ့်အဖြစ်မှန်က ဘာလဲဆိုတာကို တဖြည်းဖြည်း ဖော်ထုတ်သွားတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းပါ။
ဇာတ်လမ်းအကြောင်း