Drinking Buddies
ဘီယာချက်စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ ကိတ်နဲ့ လုခ်တို့ဟာ အလွန်ရင်းနှီးတဲ့ သောက်ဖော်သောက်ဖက်တွေပါ။ ကိတ်က စက်ရုံမှာ တစ်ဦးတည်းသော မိန်းကလေးဖြစ်ပြီး ပွဲစီစဉ်ရေးနဲ့ စီမံခန့်ခွဲရေးအလုပ်တွေ လုပ်ပါတယ်။ လုခ်ကတော့ ဘီယာချက်တဲ့ စက်ပိုင်းမှာ အလုပ်လုပ်သူပါ။ နှစ်ယောက်သား အတူသောက်စားကြ၊ မူးလာရင်လည်း ပလူးပလဲ နေတတ်ကြပေမယ့် သူငယ်ချင်းအဖြစ်ကနေ လွန်ကျူးတာ၊ ချစ်မိသွားတာမျိုးတော့ မရှိခဲ့ကြဘူး။ ကိတ်မှာ စတူဒီယိုအလုပ်လုပ်တဲ့ ခရစ်စ်ဆိုတဲ့ ချစ်သူရှိသလို လုခ်မှာလည်း စာသင်ပေးတဲ့ ဂျေးလ်ဆိုတဲ့ ချစ်သူ ရှိပါတယ်။ အလုပ်ပိတ်ရက်တစ်ရက်မှာ အတွဲနှစ်တွဲ ချိန်းပြီး ပင်လယ်ဘေးက အိမ်လေးတစ်အိမ်ဆီ အလည်ထွက်ကြတယ်။ အဲဒီခရီးမှာ ကိုယ်တွဲနေတဲ့သူက ကိုယ့်အတွက် မှန်ကန်တဲ့လူလား၊ ဘယ်သူနဲ့ဆို ပိုအဆင်ပြေမလဲဆိုတဲ့ မေးခွန်းတွေနဲ့အတူ အတွဲနှစ်တွဲကြားက အချစ်ရေးပြဿနာတွေ ပေါ်လာပါတယ်။ အလုပ်ခွင်က အခက်အခဲတွေကိုလည်း တွဲဖော်ပြထားတဲ့ အချစ်ဟာသဒရာမာပါ။ Olivia Wilde က ခေါင်းဆောင်နေရာမှာ သရုပ်ဆောင်ထားပြီး Anna Kendrick၊ Jake Johnson နဲ့ Ron Livinston တို့လည်း ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း