ဇာတ်ကားများ ရွေးရန်

Back to 1942

2012ဇာတ်ကားအမှတ် 6.5/10145 မိနစ်

"စိတ်ချမ်းသာစရာတစ်ခန်းမှမပါတဲ့ သမိုင်းထဲက အစာငတ်လို့ လူ ၃ သန်းသေတဲ့ဖြစ်ရပ်" ကြီးကျယ်ခန်းနားလှတဲ့ အနုပညာလက်ရာတွေ နဲ့ ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားခဲ့တဲ့နိုင်ငံ၊ ဂျင်း(အင်)များ ထုတ်လွန်းလို့ အဲ့နိုင်ငံက ထုတ်တဲ့ဓားနဲ့ ခတ်ခံရရင် လူမသေဘဲဓားကျိုးတယ်ဆိုတယ်တဲ့နိုင်ငံ၊ အစားအသောက်မီးလိုတောက်ပြီး အစား အပက်စပ်ဆုံး စားလို့မရတဲ့အသားကမ္ဘာ ပေါ်မှာမရှိစေရဘူးဆိုတာ သက်သေပြနေတဲ့နိုင်ငံ၊ ကမ္ဘာ့စီးပွားရေးကို လွမ်းမိုးချုပ်ကိုင်နိုင်လုနီးပါး ဖြစ်လာတဲ့နိုင်ငံ၊ သင်ပိုက်ဆံသာယူလာ ကျွန်ပ် တို့သင်လိုချင်တာဖြစ်အောင်လုပ်ပေးပါမယ်ဆို တဲ့လိုတရနိုင်ငံ၊နိုင်ငံနယ်နမိတ်အတွင်း သဲကန္တာ ရ ၊ရေခဲတောင်၊ တောင်ကုန်းတောင်တန်း၊မြေ ပြန်လွင်ပြင် ၊ မြစ်ချောင်းအင်းအိုင်၊ ဂူဂနိုင်၊ သဘာ၀ အလှအပများ အံ့သြမဆုံးတည်ရှိရာ နိုင်ငံ၊ ကမ္ဘာလုူဦးရေးအများဆုံးသောနိုင်ငံ....... အကောင်းအဆိုး ရောယှက်နေတဲ့ဒီလိုနိုင်ငံကြီးရဲ့ အတိတ်ကဖြစ်ရပ်တစ်ချို့ကို ပြန်အသက်သွင်းထားတဲ့ သမိုင်းထဲက မထင် မရှား ကြီးမားတဲ့ အမည်းစက်ကြီး ရဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ်။ ဒီကားကို ၂၀၁၂ နိုဝင်ဘာ လမှာ ပြသခဲ့ပါ တယ်။ စတင်ရိုက်ကူးခဲ့တဲ့ Budget ယွမ် သန်း ၂၁၀ ကုန်ကျခဲ့ပါတယ်။ Box Office မှာ ယွမ် ၃၆၄ သန်း ပြန်လည်ရရှိခဲ့ပါတယ်။ ကုန်ကျစရိတ်တော်တော် အကုန်ခံပြီးရိုက်ကူး ထားပြီး သရုပ်ဆောင်တွေထက်ဇာတ်လမ်းသာလွန်မှု ကိုပိုပြီး အလေးပေးရိုက်ကူူးထားတဲ့ ဇာတ်ကားပါ။ တစ်ကားလုံးကြာချိန် ၁၄၆ မိနစ်ရှိပါတယ်။ UMDb Rating 6.9 ၊ Rotten Tomatoes 36% Meracritic 41% ရှိပါတယ်။ Rome Flim Festival မှာဆုနှစ်ခုရရှိခဲ့ပြီး ဟောင်ကောင် ရုပ်ရှင်ပွဲတော်မှာလဲ အကောင်းဆုံးဆုရရှိခဲ့ပါတယ်။ စာရေးဆရာ Lui Zhenyun ရဲ့ဝတ္တု Remembering 1942 ကိုအခြေခံပြီးပြန် လည်ရိုက်ကူထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားပါ။ အဓီကသရုပ်ဆောင်တွေက Zhang,Guoli,Chen Daoming, Li Xuejian တို့ အပြင် ကင်းကောင် ဇာတ်ကားနဲ့လူသိများခဲ့တဲ့ Adrien Brodyက ကူညီအားဖြည့်သရုပ်ဆောင်ပေးထားပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေ က သူနေရာနဲ့သူအံ့ဝင်အောင်သရုပ်ဆောင်နိုင်ကြပါ တယ်။ဇာတ်လမ်းကြည့်နေရင်းနဲ့မင်းသမီး မင်းသားဆိုတာခဏခဏမေ့သွားပြီး ဒုက္ခသည်တစ်ယောက်လိုဘဲ မျက်လုံးထဲမြင်နေပါတယ်။ ဒါရိုက်တာ Feng Xiaogang ရိုက်ကူး ထားပြီး အဓိကတရုတ်စကားပြောဇာတ်လမ်း ဖြစ်ပါတယ်။ တစ်ကားလုံးကြာချိန် ၁၄၆ မိနစ်ရှိပြီး ၂၀၁၂ နိုင်ဝင်ဘာလက ဖြန့်ချီထားခဲ့ပါတယ်။ ဒီဇာတ်ကားမှာဘာလို့ ဒီလောက် Budget အများကြီး အသုံးပြုထားတဲ့အကြောင်းက အားလုံးကို အသေးစိတ် သေချာစီစဉ်ပြီး ရိုက်ကူးထားတဲ့အပြင် CGI effect တွေကလဲ တော်တော်လေးကောင်းမွန်ပါတယ်။ အဓီက ဒီဇာတ်ကားမှာ လေးစားတာက ဇာတ်ဆောင်တွေ ကပ်ဘေးဆိုက်ကာလမှာ ဝတ်ထားတဲ့ဝတ်ဆင်ထားတဲ့ထားအဝတ်အစား တွေရဲ့ အပေါက်အပြဲ၊ ညစ်ထေးပြီး နွမ်းဖတ်ဖတ် အဝတ်အစား ၊ ရေမလျောလို့ ချေးတွေနဲ့ တောင့်ပြီး ဖြစ်နေတဲ့ပုံစံ ၊ တကယ်လို့ တီဗီကနေ အနံခံတဲ့ စနစ်ပါရင် အောင်သိုးသိုးအနံ့ ရအောင် ဖန်တီးထားနိုင်တာပါဘဲ။ သရုပ်ဆောင်တွေ ရဲ့မိတ်ကပ် အပြင်အဆင်ပိုင်းမှာ ဖန်တီးထားချက် က အပြင်က သူတောင်းစားတောင် သူ့အပြင် အဆင်ကိုကြည့်ပြီး အားငယ်စိတ်တောင်ပျောက် သွားနိုင်ပါတယ်။ တကယ့် ပေပေတေတေ ဖြစ် အောင် ဖန်တီးထားတာ လက်ရာမြောက်ပါတယ်။ ဇာတ်ကားတည်ဆောင်ပုံက စိတ်ချမ်းသာစရာတစ်ခန်းမှမပါတဲ့ ဇာတ်လမ်းမျိုးပါ။ ဇာတ်ကား ကိုကြည့်ရင်ရွှာဘက်တွေရဲ့ ညနေ ၆ နာရီ လောက်လိုခံစားချက်မျိုးရပါတယ်။ ပျင်းစရာလဲ မဟုတ် ၊လုပ်စရာလဲ မရှိတဲ့အချိန် နေရောင် ပျောက်လုနီးပါး အချိန်ကာလ ၊စိတ်ထဲ နည်း နည်းမသိုးမသန့်လိုခံစားရပါတယ်။ဒီဇာတ် ကားမှာ သရုပ်ဆောင်တွေ ရဲ့သရုပ်ဆောင် မှုကဏ္ဍက လဲ ဇာတ်လမ်းထဲမှာ တစ်သားတည်း ဖြစ်နေပြီး သူတို့ လုပ်သွားတဲ့ မျက်နှာ အမှုအရာ နဲ့ စိတ်ခံစားချက်ကတွေက သူတို့စိတ်ထဲမှာ သရုပ်ဆောင်နေတယ်ဆိုတဲ့ ခံစားချက်မျိုး ထက် ငါတို့ တစ်ကယ်ဖြစ်နေတာဆိုတဲ့ ခံစား ချက်မျိုးရပါတယ်။တစ်မျိုးကြီးဘဲ ကြည့်ရတာ။ နောက်ကနေပံ့ပိုးထားတဲ့ ဇာတ်ဝင်တေးကလဲ အလွမ်းဓာတ်ခံရှိသူဆိုရင် အလိုလုနေရင်ငိုင် သွားလောက်တဲ့ သံစဉ်မျိုးပါ။ ဒီအဖြစ်အပျက်ကာဘာလို့နာမည်ကြီး သွားပြီး တရုတ်ပြည်အတွက်အရှက်ရစရာဖြစ်ခဲ့လဲဆိုရင် သီအိုရီဒိုးဝှိက်လို့ ခေါ်တဲ့ TIME မဂ္ဂဇင်း က သတင်းထောက်(ပါလေရာငပိချက်တစ်ယောက်) သူကိုယ်တိုင်အဲ့ဒီနေရာကို သွားပြီး တစ်ကမ္ဘာလုံးတုန်လှုပ်သွားစေမယ့် သမိုင်းဝင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး TIME မဂ္ဂဇင်းမှာ သူ့အတွေ့အကြုံ(ဖြစ်ရပ်မှန်) ကို ဆောင်းပါးရေးပြီးဖော်ပြလိုက်တာကတစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်။ သူဖော်ပြခဲ့တဲ့ဓာတ်ပုံကလဲ သတင်းဓာတ်ပုံထဲမှာ အော်စကာဆုလိုမျိုး အမြင့် ဆုံး ဆုကို ရသွားခဲ့ပါတယ်။ နောက်ပြီး ဒီကပ်လေးဖြစ်တဲ့ကာလအပိုင်း အခြားက တရုတ်ကွန် မြူနစ် ပါတီရဲ့ ဖခင်ကြီး ၊ နိုင်ငံတော်ရဲ့ဦးလျောင် ဖြစ်တဲ့အပြင် စတာလင် ၊ ဟစ်တလာ နဲ့ ဗင်လာဒင်တို့ လိုထိပ်သီး၃ဦးပြီးရင် နံပါတ် ၇ အဆိုးဆုံးပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင်ခြင်းခံရပါတယ်။ ၂၀ ရာစု သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ ထဲက တစ်ဦးလဲဖြစ်ပါတယ်။ ဒီကပ်ဘေးပြီးနောက်၁၉၅၈ ကနေ ၁၉၆၁ အတွင်းနိုင်ငံရေးအပြောင်းအလဲ နဲ့ ရာသီဥတုမျက်နှာမပေးမှုတွေကြောင့် ကြီးမားတဲ့ အငတ်ဘေးဖြစ်ပြီး သေဆုံးသူပေါင်း ခန့်မှန်းခြေ သန်း ၄၃ မီလီယံ နဲ့ ကမ္ဘာအကြီးကျယ်ဆုံးလူအမြောက် အများသေဆုံးမှု မှတ်တမ်း ၁၀ နေရာက နံပါတ် ၆ မှာမှတ်တမ်းဝင်သွားခဲ့ပါတယ်။ လေတော်တော်လေးရှည်သွားပါပြီ ဇာတ်လမ်း သွားလိုက်ရအောင်။ ဒီမြို့မှာဖြစ်ခဲ့တော့ ဒီမြို့ရဲ့သမိုင်း ကြောင်းလေးကိုနည်းနည်းလောက်ပြောပြပေးပါမယ်။ ဟီနမ် မြို့က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀လောက်ကတည်းက တရုတ်ယဉ်ကျေးမှုစတင်ပေါက်ဖွားရာဒေသလို့သမိုင်းတွေ မှာ ဖော်ပြထားပါတယ်။ ခန့်မှန်းခြေ နှစ်ပေါင်း ၁၀၀၀ လောက်က ဟီနမ် က တရုတ်ပြည် ရဲ့ ယဉ်ကျေးမှု ၊ စီးပွားရေးနဲ့ နိုင်ငံရေး တွေ မှာ အချက်အချာကျခဲ့တဲ့မြို့တစ်မြို့ဖြစ်ခဲ့ပါတယ်။ ၁၉၄၂ အချိန်လောက်က ဟီနမ်မှာ လူဦးရေ ခြောက်သန်းလောက်နေထိုင်ခဲ့ကြပါတယ်။ အဓီကလယ်ယာ ကိုသာအားထားလုပ်ကိုင်ခဲ့ကြ ပါတယ်အဲ့ဒီအချိန်တုန်းက။ တရုတ်ပြည်မှာ အငတ်ဘေးဖြစ်တာ ကတစ်ခေါက်တည်းတော့မဟုတ်ပါဘူး BC 108 ကစပြီးဖြစ်နေခဲ့တာပါ။ လူဦးရေများတော့ အုပ်ချုပ်မှုပိုင်း ချို့ယွင်း တာနဲ့ကိုင်တွယ်ဖြေရှင်းပေးဖို့ခက်ခဲတာအပြင် ရှုပ်ထွေးတဲ့နိုင်ငံရေး တွေကြောင့် ဒီလိုအခြေနေဖြစ်သွားတာပါဘဲ။ ကဲဒါတွေ က သမိုင်းထဲက အဖြစ်ပျက်ပါ။ အခု တရုတ်ပြည်က စစ်ရေး ၊ စီးပွားရေးမှာ အင်အားအတောင့်ဆုံး အဆင့်ကိုရောက်နေပါပြီ။ ဒီဇာတ်ကားမှာ မြေရှင်သူဌေးကြီး မိသားစု တစ်စုကိုအခြေတည်ပြီး ဇာတ်လမ်းဆင်ထားပါတယ်။သူတို့ မိသားစု ၅ ယောက်အငတ်ဘေး ့ဖြစ်တဲ့အချိန် သူတို့ အပြင်အားလုံး မြို့ကထွက် ပြေးတဲ့ အခန်းမှာ သူဌေးမိသားစု ရဲ့ နေထိုင်ပုံနဲ့ အောင်ခြေလူတန်းစားတွေရဲ့နေထိုင်ပုံတွေကို ကောင်းကောင်းကြီးတွေ့လိုက်ရပါတယ်။ နောက်တစ်မြို့ကိုသွားတဲ့ လမ်းခရီးက အရှည် ကြီးကိုရှက်ရေလများ ခရီးနှင်ပြီးတဲ့ အခါ သူုတို့ ဆီမှာ ပါလာတဲ့ ရိက္ခာတွေ လဲကုန်လုနီးပါ ့ဖြစ်သွားကြတယ်။သူတို့ တောင်ဒီလိုဖြစ်နေတော့ တစ်ခြား သူတွေ မှာ ဆို စားစရာပြတ်တာကြာ လှပေါ့ အဲ့တော့ သူတို့ စားရတဲ့အစာက သစ် ရွှက် သစ်ခတ်တွေကို ကြိတ် ပြီးဝမ်းရေးဖြေရှင်း ကြတဲ့ အခန်းတွေ မှာသူတို့ ဘယ်လောက် တောင် အဲ့တုန်းက ခက်ခဲပင်ပန်းခဲ့တယ်ဆိုတာ ပေါ်လွင်အောင် ရိုက်ကူးပြထားပါတယ်။ စားစရာမရှိတော့ သူဌေးအလုပ်သမားမိသားစု ရဲ့ ခိုင်းဖက် က သူ့ သမီးကို ပြောင်းဆန်လေး တစ်ဆုပ်နှစ်ဆုပ်စာလောက်နဲ့ ရောင်းခိုးရောင်း စားနေတဲ့ အချိန် သူ့မိန်းမအိပ်ရာက နိုးလာပြီး ရုန်ရင်းဆန်ခတ် ငိုယိုပြီး ဖြစ်ကြ သူတို့အမေအဘွားကြီး သေလုမြော်ပါးက အိပ်ယာထဲ က ငါကိုသာသတ်လိုက်ပါတော့..ငါသေသင့်တာပါလို့ နေမကောင်းဖြစ်နေတဲ့ကြားက သူ့သားက မြေးကိုရောင်းနေတဲ့အဖြစ်ကိုအော် ပြောနေတဲ့ခန်းမှာလဲ ဘယ်သူကိုအပြစ်သွားတင်ရမှန်းမလဲမသိတော့ပါဘူး။ သိလိုက်တာကတော့ အော်..ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုတဲ့ စကားက မှန်ပါလား..လူဆိုတာ နေထိုင်ရတာ ခက်ခဲရင် အသက်ဆက်ရှင်နိုင်သေးပေမယ့် ငတ်လာရင်လူလဲ သတ်ရဲတယ်၊ သားသမီးလဲ ရောင်းစားရဲတယ်၊မလုပ်ရဲတာမရှိ ကြောက်စရာလူ့ သဘာဝကို ခဏတာတွေ့ခွင့်ရခဲ့ပါတယ်။ နောက်သူတို့ ခရီးတစ်ထောက်နားရာမှာ အဖြူကောင် သတင်းယူဖို့ လာတာကို မြေရှင်ကြီး တို့ တွေ သွားပြီး ညဘက် အဖြူကောင်ဆီက မြည်းသွားလုရင် သူတို့ ထင်ထားသလိုမဖြစ်ဘဲ မြည်းလုပွဲမှာ မြေရှင် အလုပ်သမားဂျပန်တွေ သတ်တာကို ခံလိုက်တယ်။ မနက် အားလုံး နားနေရာကနေအသီးသီးခရီးဆက်နေတုန်း အလုပ်သမားမိန်းမ သူ့ယောကျာ်းသေတာမသိ ဘဲ ကလေးနှစ်ယောက်နဲ့ နာမည်အော်ခေါ်ပြီး စောင့်နေတဲ့ အခန်းကိုကြည့်ရင်း မနေ့ညတုန်းက တွေ့နေသေးတဲ့လူက ကြက်ပျောက်ဌက် ပျောက်လိုပျောက်သွားတာ ရင်ဘက်ထဲမှာ ဟာတာတာလေးတော့ဖြစ်သွားစေပါတယ် ဝမ်းနည်းသလိုလဲခံစားချက်မျိုးလဲမဟုတ်ပါဘူး။ လမ်းခရီးရှည်ကြာလာလေ ပါတဲ့ စားစရာက ကုန်လေဖြစ်ပြီး စားစရာမရှိနေတဲ့အပြင် ဆောင်းတွင်းကိုပါရောက်လာ ပြန်ပြီး မြေရှင်ကြီးချွေးမကလေးမွေးတဲ့အခန်းမှာ အစာ တစ်ပတ်ကျော်မစားရဘဲ ကလေးကိုရှိသမျှအား သုံးမွေးထုတ်ပြီး ဖုန်းတွေမှာ ဘက်ထရီ ၁% လောက်ဘဲ ကျန်သလိုအားမျင်မျင်လေးဘဲကျန် တဲ့ မိခင်တစ်ယောက်က မွေးလာတဲ့ ကလေးကို သတ်ခိုင်းလိုက်တဲ့ အခန်းက သတ်ခိုင်းတဲ့လူ ကိုလဲ အပြစ်တင်လို့မဖြစ် ၊ မွေးလာတဲ့ ကလေး ကလဲ အပြစ်မရှိပြန် ဆိုတော့ စိတ်ဆင်းရဲပြီးသာ ကြည့်ရမယ့်နေရာပါ။ မျော်လင့်ချက်တစ်မျှင်ရှိရာကို ကယ်ဆယ်ရေး ရထားနဲ့ မရမက အသက်ရှင်ချင်လို့ လိုက်လာ ရတဲ့ သူတွေ ကို မြို့ထဲအဝင်မခံဘဲ ရထားပြန် လှည့်ခိုင်း ပြီးသေနတ်နဲ့ အနာမကပ်ဖို့ ခြောက် လန့် တဲ့အချိန် အစာရမလားလို့လာတဲ့ ခွေးကို အစာကျွေးမလိုနဲ့တုတ်နဲ့ရိုက်တဲ့ အခါမျော်လင့် ချက်ပျောက်ပြီး ထွက် ပြေးကြရတဲ့ သူတွေ အဖြစ်က စာနေတဲ့ ထမင်းတောင်အရသာပျက် ပြီးစိတ်ဆင်းရဲသွားစေပါတယ်။ ပါလာတဲ့ မိသားစုအားလုံး နဲ့ သေကွဲရှင်ကွဲ ကွဲ ပြီး နောက်ဆုံး မိသားစုဝင် ရပ်သားအ ရွှယ်ကလေးကပါ နှစ်တစ်လက်မ တုတ်နဲ့ ၃ နှစ်သားကလေးကိုရိုက်သလို လောကဒဏ် ရိုက်နှပ်မှုဒဏ် မခံနိုင်ရှာဘဲ လောကကြီးထဲက ထွက်သွားတဲ့ အချိန် အဘိုးကြီး ဖြစ်သွားတဲ့ ခံစားချက်က သူ့ဘဝမှာမျော်လင့်ချက် ဆိုတာကို ပျောက်သွားပြီလို့ မျက်နှာမှာအထင်း သားပေါ်နေပါတယ်။ အလုပ်သမားမိသားစု သူ့ မိသားစု အားလုံးနဲ့ သေကွဲရှင်ကွဲ ကွဲပြီး တစ်ယောက်တည်း အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ကြီလမ်းလျောက် သလိုလာရာလမ်းအတိုင်းပြန်လျောက်သွားတဲ့ အခန်းက လကုန်လို့ ပိုက်ဆံလက်ထဲမကျန်တော့ဘဲ တစ်လလုံးဘယ်လိုနေရမလဲတွေပူနေ တဲ့ ခံစားချက်တောင် ပျောက်ပြီးငါကံကောင်း သေးပါလားလို့ ပြန်တောင်တွေးမိစေပါလိမ်မယ်။ ဒီကားက ကိုယ်တိုင်ခံစားခဲ့ရပြီး အသက်ရှင်ကျန်ခဲ့တဲ့ သူတွေမေးမြန်းပြီး ရိုက်ကူးခဲ့ကြတာပါ။ ဒီလိုမေးမြန်းခဲ့တာမှ ခံစားခဲ့ရသူတွေ က သူတို့ဒီဖြစ်ရပ်နဲ့ပက်သက်ပြီးတော့ အသံတောင်မကြားချင်လောက်အောင် စိတ်ထိခိုက်ခံစားခဲ့ရပါတယ် သိရပါတယ်။ ဒီဇာတ်လမ်းထဲမှာပါတတဲ့ သူဌေးသမီးဇာတ် ကောင်က အပြင်မှာ သူ့မိသားစုနဲ့အဲ့ဒီအချိန် ကတည်းက ကွဲကွာခဲ့ရပြီး အငတ်ဘေးပြီးသွား ပြီးနောက်ပိုင်း ၁၀ နှစ် ၁၅ နှစ်ကျော်မှာ အဆက် အသွယ်တစ်ချို့ပြန်ရခဲ့ပေမယ့် သူမမိသားစုတွေ နဲ့ပြန်လည်တွေ့ဆုံဖို့မဖြစ်နိုင်တော့ဘဲ သူမ ဘ၀ မှာသာနေထိုင်ပြီး လိုအပ်ရင်ငွေကြေးသာ ထောက်ပံ့ပေးလိုက်မယ် လို့ပြောခဲ့ပါတယ်။ ဖြစ်ရပ်မှန်တစ်ခု ဖြစ်ပေမယ့် အားလုံးအမှန်လို့မယူဆစေချင်ပါ ရုပ်ရှင်အဖြစ်အသက်သွင်းရတော့ အပြောင်းအလဲရှိရင်ရှိမှာပါ။ ကိန်းဂဏန် အချက်လက် တွေ ကတော့ အမှန်တကယ်ပါ။Drama အမျိုးအစားဖြစ်ပြီး အေးအေးလေးနဲ့ ဇာတ်လမ်းထဲကို တစ်ဖြည်းဖြည်း နစ်ဝင်သွား အောင်ဆွဲခေါ်သွားပါလိမ့်မယ်။ ကျွန်တော် HLK ပါ။ Qty - 720P Bluray Duration - 2hr 25min Gern - Drama Translator - Htet Lin Kyaw Encoder - Kyaw ye Aung

ဇာတ်လမ်းအကြောင်း