ဇာတ်ကားများ ရွေးရန်

Home on the Range

2004ဇာတ်ကားအမှတ် 6.0/1076 မိနစ်

Disney ရဲ့ ဇာတ်​ကား​ဟောင်း​လေး တစ်ကားဖြစ်တဲ့ Home​on the Range ဆိုတဲ့​ ဟာသ animation ရုပ်ရှင်​လေးဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့ old but gold ဇာတ်​ကား​ဖြစ်​ပြီး ရုပ်ရှင်​ရဲ့​အမည်​Home​ on the Range​ က အမေရိကန်​တောင်​ပိုင်း​ဒေသ​ရဲ့ ဂန္တဝင်​သီချင်း​ကနေ ယူထားတာဖြစ်ပါတယ်။ အမေရိကရဲ့ Wild Wild West လို့ခေါ်တဲ့ အနောက်​ဘက်​ဒေသ​ရဲ့ ကောင်း​ဘွိုင်​ခေတ်​မှာ အခြေ​ပြု​ထားတာဖြစ်ပေမဲ့ အဓိက​ဇာတ်​ကောင်​တွေက ကောင်း​ဘွိုင်​တွေ မဟုတ်​ဘဲ နွား​မတွေပါ။ ဇာတ်လမ်း​အကျဥ်း​ကတော့ နီဘရာစကားပြည်နယ်တစ်နေရာမှာ ကောင်း​ကင်​ဘုံ​စား​ကျက်​မြေ ဆိုတဲ့ ယာတောလေးတစ်ခုရှိပြီး အဲဒီခြံမှာနေတဲ့ တိရစ္ဆာန်​တွေ​ကို ခြံရှင်ဖြစ်သူ မစ္စ​ပါးလ်က မိသားစု​ဝင်တွေလို သဘော​ထား​ပြီး အတူပျော်ရွှင်စွာ နေထိုင်​ကြပါ​တယ်။ ဒါပေမဲ့​ ပြည်နယ်​တဝိုက်မှာ အလာမီဒါဆလင်း ဆိုတဲ့​ နာမည်​ကျော်​နွားခိုးသမား လက်​ချက်​ကြောင့် ခြံရှင်လယ်သမား အတော်များများ​ ဒုက္ခ​ရောက်​နေကြ​ပါတယ်။ အလာမီဒါဆလင်း​ရဲ့ ပယောဂ​ကြောင့်​ မစ္စ​ပါး​လ်ရဲ့ ကောင်း​ကင်ဘုံ​စား​ကျက်မြေ ခြံ​လေးလည်း ဘဏ်ကြွေးနဲ့ အသိမ်း​ခံရတော့မှာဖြစ်ပါတယ်။ ဒါကြောင့်​ ခြံထဲက နွား​မသုံးကောင်ဖြစ်တဲ့ မက်​ဂီ၊ ဂရေ့စ်နဲ့ ကယ်​လို​ဝေး တို့​သုံး​ကောင်​က လူဆိုး​ကြီးဆလင်းကို ဖမ်းဆီး​ပြီး ရတဲ့​ဆုငွေ​နဲ့ ခြံ​ကိုပြန်ရွေးမယ်လို့ ဆုံးဖြတ်​လိုက်ပြီး သုံးကောင်သား ဗရုတ်သုတ်ခ​ စွန့်​စား​ခန်း​တွေဖွင့်ကြပုံကို ကြည့်​ရှု​ရမှာပါ။ ပျော်ရွှင်​ကြည်​နူး​စရာ​ကောင်း​သလို မိသားစု၊ မိတ်ဆွေ​တို့အကြား သံယောဇဉ်​တွေကိုလည်း ဟာသ​ရုပ်ရှင်​ဖြစ်ပေမဲ့ လှလှ​ပပ ထည့်သွင်းပေးထားတဲ့အပြင် ဒစ္စနေထုံးစံအတိုင်း happy ending လည်း​ဖြစ်တာမလို့ rating နည်း​တာတွေခဏမေ့ထားပြီး အချိန်​တစ်နာရီ စွန်းစွန်းပဲ ကြာတဲ့ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်လို့ နောင်​တရမယ်လို့ မထင်​ပါဘူး။ File size…(1.7 GB)/(915 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:16:00 Genre... Animation, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

ဇာတ်လမ်းအကြောင်း