ဇာတ်ကားများ ရွေးရန်

Kieu

2021ဇာတ်ကားအမှတ် 3.0/1072 မိနစ်

ကီးယူးရဲ့အဖေနဲ့ အစ်ကိုဟာ မတရားအကျဉ်းချခံလိုက်ရလို့ သူလည်း အားကိုးရာမဲ့သွားပါတယ်။ သူစိမ်းတစ်ယောက်နဲ့ လက်ထပ်ပေးစားမယ့်ကိစ္စကို မတတ်သာဘဲ လက်ခံခဲ့ပေမဲ့ တကယ်တမ်းမှာတော့ ပြည့်တန်ဆာအိမ်ကို ရောင်းစားခံလိုက်ရတာပါ။ ကိုယ့်ဘဝ မပျက်စီးအောင် ရုန်းကန်နေရင်း ကီးယူးဟာ ပိုးထည်ကုန်သည် သုဆင်းနဲ့ တွေ့ဆုံခဲ့တယ်။ နှစ်ယောက်သား မြင်မြင်ချင်း ချစ်မိကြပြီး လူတွေနဲ့ဝေးရာကို ထွက်ပြေးကာ အတူပေါင်းသင်းနေထိုင်ကြပါတယ်။ ဒါပေမဲ့ သုဆင်းဟာ မလွတ်လပ်သူတစ်ယောက် ဖြစ်နေတယ်။ သူခဏခရီးထွက်သွားတဲ့ တစ်နေ့မှာတော့ ကီးယူးဆီ နောက်ထပ်ကံဆိုးမှု ရောက်လာပြန်ပါတယ်။ ကီးယူး ဘာတွေထပ်ကြုံရဦးမလဲ၊ သုဆင်းကရော အချစ်နဲ့ ကတိသစ္စာကြားမှာ ဘယ်လို ဆုံးဖြတ်မလဲဆိုတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းပါ။ ရှေးခေတ်နောက်ခံထားပြီး ဗီယက်နမ်ကဗျာဆရာ Nguyen Du ရဲ့ ဂန္ထဝင်ကဗျာရှည် “Tale of Kieu” ကို အခြေခံရိုက်ကူးထားပါတယ်။

ဇာတ်လမ်းအကြောင်း