ဇာတ်ကားများ ရွေးရန်

Dakuaan Da Munda 2

2022ဇာတ်ကား

Dev Kharoud ပါဝင်တဲ့ Dakuaan Da Munda (2018) ရဲ့ အဆက်ဖြစ်ပြီး ဘော်လီဘောကစားသမား မန်ဂါဆင်းအန်တာလ်ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို အခြေခံရိုက်ကူးထားပါတယ်။ အချစ်၊ အက်ရှင်နဲ့ ဟာသတွေ ရောစပ်ထားတဲ့ ဇာတ်လမ်းမှာ ငယ်ဘဝ၊ ကျောင်းသားဘဝက အလွဲတွေနဲ့ မဟုတ်မခံ စိတ်ဆတ်တဲ့ လူငယ်တစ်ယောက်ရဲ့အကြောင်းကို တွေ့ရမှာပါ။ မိန်းကလေးတွေကြား ရေပန်းစားတဲ့ အားကစားသမားလေးရဲ့ ချစ်ရေးဆိုပုံတွေလည်း ပါဝင်ပါတယ်။ ဒါပေမယ့် သူဟာ မူးယစ်ဆေးကိစ္စတွေနဲ့ နိုင်ငံရေးအရှုပ်အရှင်းတွေထဲ ဝင်ပတ်သက်မိသွားတယ်။ အဲဒီကနေ သူ့ဘဝသာမက အချစ်ရေးကိုပါ ထိခိုက်လာပြီး မူးယစ်ဆေးကြောင့် ဘဝတစ်ခု ဘယ်လိုနစ်နာသွားနိုင်သလဲဆိုတာကို ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း