ဇာတ်ကားများ ရွေးရန်

Ayisha

2023ဇာတ်ကား153 မိနစ်

အာရီရှာဟာ သမီးလေးကို ခွဲထားခဲ့ပြီး အိမ်အကူအလုပ်လုပ်ဖို့ အာရပ်ပြည်ကို ရောက်လာတဲ့ အမျိုးသမီးတစ်ယောက်ပါ။ သူက မဟုတ်မခံတတ်တဲ့သူဖြစ်လို့ အလုပ်အေဂျင်စီက လူတွေနဲ့လည်း မကြာခဏ ထိပ်တိုက်တွေ့တတ်ပါတယ်။ သူအလုပ်ရတဲ့နေရာကတော့ မာမားလို့ ခေါ်ကြတဲ့ အမျိုးသမီးကြီး ဩဇာညောင်းတဲ့ မော်ဆွမ်းနန်းတော်မှာပါ။ မာမားက စကားတစ်ခွန်းပြောလိုက်ရင် အိမ်မှာရှိတဲ့သူအားလုံး လိုက်နာကြရတဲ့ အိမ်ရှင်မျိုးဖြစ်ပါတယ်။ ဒီလိုအိမ်ရှင်နဲ့ မဟုတ်တာဆို ခေါင်းငုံ့မခံတတ်တဲ့ အာရီရှာတို့ကြား ဆက်ဆံရေးက အဖုအထစ်တွေ ရှိလာတော့တယ်။ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေအောင် နေနိုင်ကြမလား၊ ဆက်ပြီး အားပြိုင်နေကြဦးမလားဆိုတာကို အိမ်အကူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုနဲ့အတူ ပြထားပါတယ်။ Nilambur Ayisha ရဲ့ ဘဝဇာတ်ကြောင်းကို အခြေခံထားပြီး အာရီရှာအဖြစ် Manju Warrier က သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း