ဇာတ်ကားများ ရွေးရန်

All Star Superman

2011ဇာတ်ကားအမှတ် 6.8/1076 မိနစ်

DC Universe Animated Original Movies တွေထဲကမှ ဂန္တဝင်အတွင်ဆုံးနဲ့ အကောင်းဆုံးလို့ သတ်မှတ်လို့ရတဲ့ All-Star Superman (2011) အကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။ Grant Morrison နဲ့ Frank Quitely တို့ ဖန်တီးခဲ့တဲ့ နာမည်ကျော် Comic ကို အသက်သွင်းထားတာမလို့ DC Fan စစ်စစ်တစ်ယောက်အနေနဲ့ကတော့ ဒီကားကို တော်တော်သဘောကျမိပါတယ်။ ဇာတ်လမ်းစစချင်းမှာပဲ Lex Luthor ရဲ့ ထောင်ချောက်ကြောင့် Superman ဟာ နေရောင်ခြည်စွမ်းအင် (Solar Radiation) တွေကို အလွန်အကျွံ စုပ်ယူမိသွားပါတယ်။ စွမ်းအားတွေ အဆမတန် တိုးလာပေမယ့် ဆိုးကျိုးအနေနဲ့ သူ့ရဲ့ ဆဲလ်တွေက တဖြည်းဖြည်း ပျက်စီးလာပြီး သူသေဖို့ တစ်နှစ်ပဲ အချိန်ကျန်တော့တဲ့ အခြေအနေ ကို ရောက်သွားပါတယ်။ နတ်ဘုရားတစ်ပါးလို စွမ်းအားရှင်တစ်ယောက် သေဆုံးခါနီးအချိန်မှာ သူ့ရဲ့ နောက်ဆုံးနေ့ရက်တွေကို ဘယ်လိုဖြတ်သန်းမလဲ၊ သူချစ်တဲ့ Lois Lane အတွက် ဘာတွေလုပ်ပေးခဲ့မလဲ ဆိုတာကို အရမ်းလှပစွာ ရိုက်ကူးပြသထားတာပါ။ ကွယ်လွန်သူ စာရေးဆရာ Dwayne McDuffie ရဲ့ ဇာတ်ညွှန်းက တကယ့်ကို အမိုက်စားပါ။ Issue ၁၂ အုပ်တောင်ရှိတဲ့ Comic ကြီးကို မိနစ် ၇၀ ကျော် Animation ရုပ်ရှင်တစ်ခုအနေနဲ့ အဆီအနှစ်မပျက်အောင် ချုံ့နိုင်ခဲ့တာက တကယ့်ကို ချီးကျူးစရာပါ။ တချို့လူတွေက Superman ကို "အရမ်းစွမ်းလွန်းလို့ ပျင်းစရာကောင်းတယ်" လို့ ထင်ကြတယ်။ ဒါပေမယ့် ဒီကားက Superman ဆိုတာ အက်ရှင်ကြမ်းကြမ်းတွေ၊ ဗီလိန်တွေကို ထိုးကြိတ်နေရုံတင် မဟုတ်ဘဲ၊ သူ့ရဲ့ "မျှော်လင့်ချက် (Hope)၊ ကြင်နာမှုနဲ့ လူသားဆန်မှု" တွေကသာ သူ့ကို အကြီးကျယ်ဆုံး ဟီးရိုးတစ်ယောက် ဖြစ်စေတာဆိုတာကို သက်သေပြသွားပါတယ်။ ဇာတ်ကောင်တွေရဲ့ အသံသရုပ်ဆောင်မှုတွေကလည်း မိုက်တယ်။ James Denton (Superman)၊ Christina Hendricks (Lois) နဲ့ Anthony LaPaglia (Lex) တို့က ဇာတ်ကောင်တွေရဲ့ Character ကို ပီပြင်အောင် အသံနဲ့ ကောင်းကောင်း ပုံဖော်သွားနိုင်ကြတယ်။ All-Star Superman ဟာ ရိုးရှင်းတဲ့ Superhero ကားတစ်ကားမဟုတ်ပါဘူး။ Superman ရဲ့ ဒဏ္ဍာရီကို ဂုဏ်ပြုထားတဲ့၊ ကြည့်ပြီးရင် ရင်ထဲမှာ လေးနက်တဲ့ ခံစားချက်တစ်ခုခု ကျန်ခဲ့စေမယ့် ဇာတ်ကားကောင်း တစ်ကားပါ။ Action တွေထက် Story နဲ့ Character Development ကို ပိုကြိုက်တဲ့ Comic Book Geek တွေအတွက်တော့ လုံးဝ Must-watch ပါပဲ။ File size… 1.15 GB / 500 MB Quality… Blu -Ray 1080p/ 720p Format… mp4 Duration…. 1h 16m Genre ..... Animation, Adventure, Action Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း