Lovers Vanished
အပြစ်မရှိဘဲ မှားယွင်းစွပ်စွဲခံရလို့ ထောင်ကျနေတဲ့ Lim Su-In ဟာ သူ့အဖြစ်ကို မခံမရပ်နိုင်ဖြစ်နေပါတယ်။ ထောင်ကလွတ်ဖို့ ကြိုးစားနေတဲ့ သူ့အတွက် «AIDS ဖြစ်နေတဲ့ ထောင်သားတွေကို ချက်ချင်းလွှတ်ပေးတယ်» ဆိုတဲ့ ထောင်တွင်းကောလာဟလက လွတ်မြောက်ရာလမ်းတစ်ခုလို ဖြစ်လာတယ်။ အဲဒီထောင်မှာ HIV ပိုးရှိတဲ့အတွက် တခြားသူတွေရဲ့ ရှောင်ဖယ်မှုကို ခံနေရတဲ့ Byung Sang ဆိုသူလည်း ရှိပါတယ်။ သူက နယ်လှည့်မျက်လှည့်ဆရာတစ်ယောက်ဖြစ်ပြီး ချစ်သူကောင်မလေးရဲ့ အပြစ်ကို အစားဝင်ခံပေးလို့ ထောင်ကျနေတာပါ။ Su-In က ပိုးကူးခံရရင် ထောင်ကထွက်ရမယ်လို့ ယူဆပြီး Byung Sang နဲ့ ရင်းနှီးအောင် ကြိုးစားတော့တယ်။ ဒါပေမယ့် ပိုးကူးစက်ခံရပြီးမှ ကြားထားတဲ့သတင်းက မမှန်မှန်း သိလိုက်ရပါတယ်။ Su-In ကတော့ လက်မလျှော့ဘဲ လွတ်မြောက်ဖို့ နောက်နည်းလမ်းတစ်ခု ထပ်ရှာနေတုန်း Byung Sang က အကူအညီတောင်းလာတယ်။ ထောင်ကထွက်နိုင်ခဲ့ရင် Mia ဆိုတဲ့ ကောင်မလေးကို သွားကြည့်ပေးဖို့ပါ။
ဇာတ်လမ်းအကြောင်း