ဇာတ်ကားများ ရွေးရန်

Emperor

2012ဇာတ်ကားအမှတ် 6.1/10105 မိနစ်

Emperor ကတော့ ဇာတ်လမ်းနာမည်လေး အတိုင်း ဘုရင် နဲ့ သူ့တိုင်းပြည် အကြောင်းရိုက်ထားတဲ့ ဇာတ်ကား လေးတစ်ခုပါ။ ဘယ်နိုင်ငံ နဲ့ ဘယ်ဘုရင်လဲ ဆိုတော့ ဂျပန်နိုင်ငံပါ။ ဒုတိယကမ္ဘာစစ် အပြီး မှာ စစ်ရှုံး (လက်နက်ချ) လိုက်တဲ့ ဂျပန်တွေ နဲ့ စစ်နိုင်သူ အမေရိကန် တွေရဲ့ ကြား က နိုင်ငံရေး အယူအဆ တွေ ၊ ဂျပန်နိုင်ငံ ရဲ့ ဘုရင်အပေါ် သစ္စာစောင့်သိမှုတွေ ၊ ဘုရင်ရဲ့ သူ့ တိုင်းသူပြည်သား တွေကို ကာကွယ်စောင့်ရှောက်ချင်မှုတွေ ၊ ထိုခေတ် က ဂျပန်စစ်တပ် ရဲ့ ဝါဒဖြန့်မှုတွေ နဲ့ အတူ ဂျပန် ကို ချစ်မြတ်နိုးတဲ့ အမေရိကန် စစ်သားတစ်ယောက် အကြောင်း စသဖြင့် ဖြစ်ရပ်မှန် တွေကို စိတ်ဝင်စားဖွယ်ကြည့်ရှု ရမှာပါ။ ဇာတ်လမ်း က ဇာတ်အေးသဖွယ်ဖြစ်နေပေမဲ့လည်း ခံစားချက်ကို အဆုံးအထိ ဆွဲတင်ခေါ်သွားနိုင်တဲ့ ဇာတ်ကားလို့ ဆိုရင်လည်းမှားမယ် မထင်ပါဘူး။ ဒီဇာတ်ကားလေး ဟာ စစ်ရဲ့ အနိဌာရုံ နဲ့ အတူ ၊ ခေါင်းဆောင်ကောင်း ရှိတဲ့ စစ်ဖက်နိုင်ငံနှစ်ခု ခေါင်းဆောင် ကောင်း နှစ်ယောက် နဲ့ နောက်လိုက်ကောင်းတွေ ၊ လုပ်စရာရှိတာ ကို လုပ်ပြီး ခံစရာရှိတာ ခံရဲ တဲ့ သတ္တိရှိတဲ့ အမျိုးကောင်းသားတွေ ရဲ့ အထ္ထုပ္ပတ္တိပဲ ဖြစ်ပြီးတော့ ကြည့်ပြီးသွားရင် ရင်ထဲ တစ်ခုခုတော့ ကျန်ခဲ့မှာပါ။ ပထမဆုံးဘာသာပြန်တဲ့ ကားဖြစ်တော့ အနည်းငယ်ထောက်နေတာရှိရင် သည်းခံပေးကြပါဦး။ သိဒ္ဓိဝင်ဇီဝက (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ သိဒ္ဓိဝင်ဇီဝက ဖြစ်ပါတယ်) File Size : (850 MB) Quality : Blu-Ray 720p Running Time : 1hr 45min Format : Mp4 Genre : Drama, History, War Subtitle : Myanmar Subtitle (Hard Sub) Source :  LIMITED.1080p.BluRay.x264-GECKOS Translated by သိဒ္ဓိဝင်ဇီဝက Encoded by Thanhtike Zaw

ဇာတ်လမ်းအကြောင်း