ဇာတ်ကားများ ရွေးရန်

Raangi

2022ဇာတ်ကားအမှတ် 3.7/10121 မိနစ်

သိုင်ရယ်နာယာဂီဆိုတဲ့ နာမည်က အမျိုးသမီးတွေရဲ့ခေါင်းဆောင်လို့ အဓိပ္ပာယ်ရပါတယ်။ သတင်းထောက် သိုင်ရယ်ကလည်း မတရားမှုကို မြင်ရင် လက်ပိုက်ကြည့်မနေတတ်ဘဲ ဝင်ဖြေရှင်းပေးတတ်သူပါ။ သူတင်တဲ့သတင်းတွေကလည်း လူသိများလေ့ရှိတယ်။ ဇာတ်လမ်းအစမှာတော့ FBI က သူ့နာမည်ကို မေးမြန်းပြီး အပူတပြင်း လိုက်ရှာနေကြပါတယ်။ ဘာကိစ္စနဲ့ ပတ်သက်မိလို့ FBI အထိ ပါလာရသလဲဆိုတာ သူကိုယ်တိုင်တောင် မသိသေးဘူး။ FBI ကပါလို့ ပြောတဲ့သူတွေက သူ့ကို နေရာတစ်ခုဆီ ခေါ်သွားပြီး ဒီအကြောင်းကို သတင်းရေးမယ်ဆိုရင် အသက်ရှင်သလား၊ သေသလား ဘယ်သူမှမသိရဘဲ လူပျောက်စာရင်းထဲ ရောက်သွားမယ်လို့ ခြိမ်းခြောက်ကြပါတယ်။ ဒီကိစ္စတွေရဲ့အစကတော့ သူ့တူမ စုရှ်မီသာနဲ့ ပတ်သက်နေတယ်။ စုရှ်မီသာရဲ့နာမည်နဲ့ ဓာတ်ပုံကို သုံးထားတဲ့ Facebook အကောင့်တစ်ခုမှာ ယောက်ျားလေး ၁၈ ယောက်နဲ့ လိင်ပိုင်းဆိုင်ရာ စကားတွေ ပြောထားပြီး အဲဒီထဲက တစ်ယောက်က ခြိမ်းခြောက်လာတာပါ။ သိုင်ရယ်က တူမအတွက် ဝင်ဖြေရှင်းရင်း အဲဒီအကောင့်ထဲမှာ မထင်မှတ်ထားတဲ့ ဓာတ်ပုံတစ်ပုံကို တွေ့သွားတယ်။ အဲဒီပုံကို မီဒီယာမှာ တင်လိုက်မိရာက သူ့ဘဝ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ဆက်တွေ့ရမှာပါ။

ဇာတ်လမ်းအကြောင်း