ဇာတ်ကားများ ရွေးရန်

I Am Number Four

2011ဇာတ်ကားအမှတ် 6.2/10109 မိနစ်4K

I am Number Four (2011) (4K Only on Bioscope) IMDB : 6.1 Rotten Tomatoes : 32% Genre : Action / Sci-Fi “သူတို့သုံးယောက်ကို သ-တ်လိုက်ပြီ နောက်တစ်ယောက်က ကျွန်တော်ပဲ” ဒါကတော့ ငယ်ဘဝရဲ့ တစ်စိတ်တပိုင်းဖြစ်တဲ့ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် “I am Number Four” ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ စာသားတစ်ခုပဲဖြစ်ပါတယ်။ “I am Number Four” ဟာ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ကို အကောင်းဆုံးချပြသွားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်ညွှန်း သူတို့ဟာ ကမ္ဘာကမဟုတ်ပါဘူး။ မိခင်ဂြိုလ် Lorien ကို အဖျက်စွမ်းအားကြီးတဲ့ Mogadorian ဂြိုလ်သားတွေက ဖျက်ဆီးခံလိုက်ရတဲ့အခါမှာ Lorien ကို ပြန်လည်ပြီးတော့ ဦးမော့လာဖို့ စွမ်းအားရှင် ကလေး ၉ ယောက်ကို ကမ္ဘာဆီကို တိတ်တဆိတ်စေလွှတ်လိုက်ပါတယ်။ ဒီကလေးတွေကို ကာကွယ်ထားတဲ့ မန္တာန်တစ်ခုရှိတယ်။ အဲဒါကတော့ ကလေးတွေကို နံပတ်စဉ် အစဉ်လိုက်အတိုင်းပဲ သ-တ်လို့ရမယ်ဆိုတာပဲ။ နံပတ် ၁၊ ၂၊ ၃ ပြီးမှသာ ၄ ကို သ-တ်လို့ရမှာဖြစ်ပါတယ်။ အဲဒီမှာ “သူတို့သုံးယောက်ကို သ-တ်လိုက်ပြီ နောက်တစ်ယောက်က ကျွန်တော်ပဲ”ဆိုတဲ့ စာသားပေါ်လာတာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတင် နံပတ် ၃ က အသ-တ်ခံလိုက်ရပြီး ကျောင်းသားယောင်ဆောင်နေတဲ့ နံပတ် ၄၊ ဂျွန်စမစ်တ်က သားကောင်ဖြစ်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ နံပတ် ၄ က ပုန်းလျှိုးကွယ်လျှိုးနဲ့ထွက်ပြေးနေတုန်း ခေါင်းထဲမှာ အတွေးတစ်ခုဝင်လာပါတယ်။ အဲဒါကတော့ “ငါလည်းစွမ်းအားရှင်၊ သူတို့ကို ဘာလို့များ ပြန်မတိုက်ပဲ နေရမလဲ” ဆိုတာပါပဲ။ ပြေးရတာကိုစိတ်ကုန်လာတဲ့ ဂျွန်ဟာ Mogadorian တွေကို ပြန်တိုက်ဖို့ ကြိုးစားပါတော့တယ် ဂြိုလ်သားရုပ်ရှင်တော်တော်များများလိုမျိုး စက်ရုပ်လိုမျိုး စိတ်ထားတွေ ခံစားချက်မဲ့တဲ့ ဇာတ်ကောင်တွေကို ဦးတည်ထားတာမဟုတ်ပဲ လူသားတွေလိုမျိုး သံယောဇဉ်နဲ့ အာရုံစံစားနိုင်မှုတွေကို ဦးတည်ထားတာမလို့ တော်တော်လေးကိုကြည့်ကောင်းတယ်လို့ဆိုရပါမယ်။ ဒီလိုနဲ့ ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါ။ File size…  5 GB /  3 GB / 1 GB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 2h Genre ..... Sci-Fi / Action Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း