ဇာတ်ကားများ ရွေးရန်

Malena

2000ဇာတ်ကားအမှတ် 7.4/10109 မိနစ်

၁၉၄၁ ခုနှစ်၊ စစ္စလီကျွန်းမှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ကောင်လေးတစ်ယောက်နဲ့ မာလိနာဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းပါ။ ဒုတိယကမ္ဘာစစ်ကြောင့် ခိုကိုးရာမဲ့လာတဲ့ မာလိနာဟာ သူ့ရဲ့အလှကြောင့် ယောက်ျားတွေရဲ့ စိတ်ဝင်စားမှုကို ခံရသလို တခြားအမျိုးသမီးတွေရဲ့ မနာလိုမှုကိုလည်း ခံနေရပါတယ်။ ကံဆိုးမှုတွေ ဆက်ကြုံလာရတဲ့အပြင် ဖခင်ဖြစ်သူကပါ သူ့ကို အထင်လွဲနေတော့ စားဝတ်နေရေးအတွက် ရုန်းကန်ရတဲ့ဘဝက ပိုခက်ခဲလာတယ်။ မာလိနာရဲ့အဖြစ်အပျက်တွေကြားမှာ လူတွေရဲ့ မနာလိုစိတ်၊ အချောင်ရလိုစိတ်နဲ့ အားနည်းသူကို ပိုပြီးနစ်နာစေချင်တဲ့စိတ်တွေကို ဖော်ပြထားပါတယ်။ တစ်ဖက်မှာလည်း ကြီးကောင်ဝင်စ ကောင်လေးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ လူတွေအကြောင်း တဖြည်းဖြည်း သင်ယူလာရပုံကို တွဲပြထားတယ်။ မာလိနာအဖြစ် Monica Bellucci ပါဝင်ထားပြီး စကားပြောခန်းနည်းနည်းနဲ့ မျက်နှာအမူအရာ၊ ကိုယ်ဟန်အမူအရာတွေကို အဓိကအသုံးပြုပြီး သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း