ဇာတ်ကားများ ရွေးရန်

The Absent One

2014ဇာတ်ကားအမှတ် 7.1/10116 မိနစ်

Q ဌာနရဲ့ ဒုတိယအမှုတွဲမှာတော့ ပထမအမှုကို အောင်အောင်မြင်မြင် ဖော်ထုတ်နိုင်ခဲ့လို့ ဌာနကို ချီးကျူးနေကြချိန်ပါ။ ကားလ်နဲ့ အာဆတ်တို့အဖွဲ့ထဲကို ရိုစ့်ဆိုတဲ့ အတွင်းရေးမှူးအသစ်လည်း ရောက်လာပါတယ်။ တစ်နေ့ ဌာနပါတီကနေ ကားလ်ပြန်လာချိန်မှာ လူတစ်ယောက်က သူ့ဆီချဉ်းကပ်ပြီး အသတ်ခံရတဲ့ သားသမီးအမွှာနှစ်ယောက်ရဲ့အမှုကို ပို့ထားပေမယ့် ဘာကြောင့် မကြည့်ပေးတာလဲဆိုပြီး ဇွတ်မေးတယ်။ ကားလ်ကတော့ အဲဒီလူကို မောင်းထုတ်လိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ အဲဒီလူ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြောင်း ကားလ်ကြားလိုက်ရတယ်။ သူဟာ ရဲအရာရှိဟောင်းတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က အသတ်ခံရတဲ့ သားနဲ့သမီးရဲ့အမှုကို စုံစမ်းခဲ့သူ၊ အခုတော့ အငြိမ်းစားယူထားသူဖြစ်ကြောင်း သိလာရပါတယ်။ ကားလ်ဆီပို့ဖို့ ပြင်ထားတဲ့ အထုပ်ကြီးတစ်ထုပ်ကိုပါ တွေ့လိုက်ရတဲ့နောက် ကားလ်က ဒီအမှုကို ပြန်လိုက်ဖို့ ဖြစ်လာတယ်။ စုံစမ်းလေလေ နှစ်လောင်းပြိုင်လူသတ်မှုက ပိုကြီးမားတဲ့ အဖြစ်အပျက်တွေထဲက အစိတ်အပိုင်းတစ်ခုသာ ဖြစ်နေကြောင်း သိလာရပြီး အနှစ် ၂၀ ကြာ ဖုံးကွယ်ထားတဲ့ ရက်စက်မှုတွေ ပေါ်လာပါတယ်။ ဂရစ်ဖင်ဟွန်းဘော်ဒါကျောင်းမှာ ဘာတွေဖြစ်ခဲ့တာလဲ၊ တနင်္ဂနွေနေ့က ဒီအမှုနဲ့ ဘယ်လိုပတ်သက်နေတာလဲ၊ ကင်မီဆိုတဲ့ ကောင်မလေးကရော ဘယ်သူလဲဆိုတဲ့ မေးခွန်းတွေကို ကားလ်၊ အာဆတ်နဲ့ ရိုစ့်တို့ သုံးယောက် လိုက်ဖြေရှင်းကြရတယ်။ ဒီတစ်ခါမှာ တရားခံကို အစကတည်းက ပြထားပြီး စုံထောက်တွေနဲ့ တစ်ဖက်နဲ့တစ်ဖက် ဘယ်လိုအကွက်ချကြမလဲဆိုတာကို ဇာတ်လမ်းဖွဲ့ထားပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ အဲဒီဖြစ်ရပ်တွေကို ထင်ထင်ရှားရှား ပြသထားတဲ့အခန်းတွေ ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း