ဇာတ်ကားများ ရွေးရန်

Tonight You're Sleeping with Me

2023ဇာတ်ကားအမှတ် 6.3/1093 မိနစ်

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က တွေ့ဆုံပြီး အချင်းချင်း ချစ်ခဲ့ကြတဲ့ အသက်ပိုကြီးတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လူငယ်တစ်ယောက်ရဲ့ ပိုလန်အချစ်ဇာတ်ကားပါ။ နှစ်ယောက်သား အနာဂတ်အတွက် စိတ်ကူးယဉ်ခဲ့ကြပေမယ့် မပေါင်းဖက်ခဲ့ရဘူး။ အခုချိန်မှာတော့ အမျိုးသမီးက သမီးနှစ်ယောက်ရှိတဲ့ အိမ်ထောင်သည်တစ်ယောက် ဖြစ်နေပါပြီ။ လူငယ်က တခြားနိုင်ငံကနေ ပြန်လာပြီး အလုပ်လျှောက်တဲ့နေရာဟာ သူ့ချစ်သူဟောင်းရှိတဲ့ ဌာနဖြစ်နေပါတယ်။ အမျိုးသမီးဘက်မှာလည်း ခင်ပွန်းနဲ့ ကတောက်ကဆတွေရှိပြီး အိမ်ထောင်ရေးက မသာယာဘူး။ ကိုယ်လိုချင်တဲ့အရာတွေ၊ ဆန္ဒတွေ မပြည့်ဝဘဲ နေနေရချိန်မှာ နှစ်တွေကြာသွားလည်း သူ့ကိုပဲ ချစ်နေသေးတဲ့ လူငယ်နဲ့ ပြန်တွေ့လာတာပါ။ အဲဒီအချိန်မှာ ခင်ပွန်းဖြစ်သူက သူ့ကို မတိုင်ပင်ဘဲ အိုင်းစ်လန်းကို တစ်လကြာ အပန်းဖြေခရီး ထွက်သွားပါတယ်။ စိတ်ထဲမှာ မကျေနပ်မှုတွေ ရှိနေတဲ့ အမျိုးသမီးနဲ့ ချစ်သူဟောင်းတို့ကြားက ခံစားချက်တွေ ပြန်ပြင်းထန်လာပြီး ထိန်းသိမ်းမရတော့တဲ့အထိ ဖြစ်လာတယ်။ သူတို့နှစ်ယောက် ဆန္ဒကို ထိန်းချုပ်ကြမလား၊ မိသားစုတာဝန်တွေကို စွန့်ပြီး ဆက်သွားကြမလား၊ ဒီဆက်ဆံရေးက ပျော်ရွှင်မှုဖြစ်လာမလား၊ ဝမ်းနည်းစရာဖြစ်လာမလားဆိုတာကတော့ ရှေ့ဆက်ရင်ဆိုင်ရဦးမှာပါ။ အိပ်ရာပေါ်က အခန်းတွေနဲ့ ကိုယ်ခန္ဓာဖော်ပြမှုအချို့လည်း ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း